"နောက်ဆို ကိုယ်တိုင် သေချာလိမ်းရမယ် ကြားလား"
"ဟုတ်ကဲ့....ဒီနေ့ ဘယ်ဘက်ခြံကို သွားရမှာလဲဟင်"
"ခြံကြီးထဲပဲ"
"ဟိုဘက်က ခြံအသစ်ကရော..."
"အဲ့ဒီကို မင်းလိုက်လို့မရဘူးလေ
မြေတောင် ပြင်နေတုန်းရှိသေးတာ မတော်တဆ ထိခိုက်မယ်"
မင်းသားလေးက သက်ပြင်းကို မသိမသာလေးချပြီး နှုတ်ခမ်းလေး စူထားလိုက်သည်။
ကယ်တင်ရှင်က အဲ့ဒီခြံဘက်ကို သွားပြီး အလုပ်လုပ်နေရင် အကြာကြီးနေမှ ပြန်ရောက်လာတတ်သည်။ မင်းသားလေးက တစ်ယောက်တည်း အလုပ်ခန်းထဲမှာ ပျင်းတာပေါ့။ မင်ချောကလည်း ကယ်တင်ရှင်နဲ့ပါသွားတော့ မင်းသားလေးမှာ ဆော့စရာအဖော်မရှိဘူးလေ။ မင်းသားလေးကိုလည်း အဲ့ဒီခြံဘက်ခေါ်သွားမလားလို့ မျှော်လင့်နေပေမဲ့ ကယ်တင်ရှင်က တစ်ခါမှ ခေါ်မသွားခဲ့။
"ပျိုးပင် စစိုက်ရင် လိုက်ရမယ်
နှုတ်ခမ်းကြီးထော်မထားနဲ့ ဝက်နဲ့တူတယ်"
"အစကတည်းက ဝက်ပဲကို
အဲ့ဒီပျိုးပင်တွေပါ အကုန်စားပစ်မယ်"
သူ့ကို ပြန်ပြောပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားတဲ့ ဝက်ပေါက်လေးကို ကြည့်ပြီး ရယ်လိုက်မိသည်။ စ ရောက်လာကတည်းက လုံးလုံးလေးဆိုပေမဲ့ အခုဆို ဒီမှာ အစားအသောက်ဝင်လွန်းလို့ ပိုပြီး လုံးတစ်လာသည်။ အသားဖြူဖြူလေးဆိုတော့ ဘောလုံးလေး လိမ့်နေသလို ဖြစ်နေသည်။ စိတ်ကောက်တတ်တာလည်း တအား။ ပြီးရင် မချော့ဘဲ သူ့ဘာသာ စိတ်ဆိုးပြေသွားပြန်သည်။
ချန်းယောလ် အိမ်တံခါးသော့ခတ်ကာ ဦးလေးဂျွန်ကို နှုတ်ဆက်ပြီးနောက် သူတို့ရဲ့ စိုက်ပျိုးခြံ ခရီးလေးကို စတင်တော့သည်။
အရင်လို အိမ်တံခါး သော့ပိတ်ခဲ့ပြီး ဦးလေးဂျွန်ကို နှုတ်ဆက်ရတာခြင်း တူပေမဲ့ သူ့ကားပေါ်မှာတော့ တစ်ကိုယ်တည်းမဟုတ်ဘဲ တစ်စုံတယောက်က အပိုပါလာခဲ့ပြီဖြစ်သည်။
💓
မနက်ပိုင်း စိုက်ပျိုးခြံတစ်ခုလုံးကို စစ်ဆေးသည့်နောက် မင်းသားလေးကလည်း တကောက်ကောက် ပါလာခဲ့သည်။ မင်းသားလေးကို ချစ်ကြတဲ့ ခြံလုပ်သားတွေက မုန့်တွေဝိုင်းပေးကြလို့ ကောင်လေးလက်ထဲမှာလည်း မုန့်တွေက တပွေ့တပိုက်နှင့်။ အလုပ်ခန်းထဲ ပြန်ရောက်လာတာနဲ့ သူမစားဖူးတဲ့မုန့်နဲ့ စားဖူးတဲ့မုန့်ကို နှစ်ခြမ်းခွဲကာ သူ့အစီအစဉ်နဲ့သူ တစ်ထုပ်ချင်း ထိုင်ဖောက်နေတော့သည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 7
Start from the beginning
