"မင်းအတွက်လို့မပြောဘဲ စားလိုက်လို့ရမလား
ဒါက ရောင်းတဲ့ဆီပို့ရမှာ ပိုက်ဆံရမှာတွေလေ
ဒါတွေကို မင်းက စားပစ်လိုက်တော့ ပိုက်ဆံက ဘယ်ရတော့မလဲ"

"ဒါဆို ကျွန်တော်က အခု ပိုက်ဆံပေးရမှာလားဟင်"

"အင်း မင်းစားလိုက်တာတွေအတွက် ပြန်ပေးရမယ်
မင်ချော....ဒီခြင်းအစား နောက်တစ်ခြင်း ထပ်ပြင်လိုက်
စပျစ်သီးအဆင်သင့်မဖြစ်ရင် စတော်ဘယ်ရီနဲ့အစားထိုးလိုက်နော်"

"ဟုတ်ကဲ့ အစ်ကိုချန်းယောလ်"

မင်ချောထွက်သွားတော့လည်း ကောင်လေးက မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေတုန်းပဲဖြစ်သည်။ ဒီလိုလေးဖြစ်သွားတော့လည်း ချန်းယောလ်က စိတ်မကောင်းဖြစ်ရပြန်သည်။

"မင်းသားလေး....မင်းကို ဒီခြင်းထဲမှာ ကျန်တာအကုန်ပေးမယ်
မင်းက ပိုက်ဆံကိုဖြည်းဖြည်းချင်းရှာပြီး ငါ့ကို ပြန်ပေးပေါ့"

"တကယ် အဲ့လိုရတာလား"

"အင်း ရတယ်"

"ဒါဆို ကျန်တာတွေ အိမ်ယူသွားမယ်နော်"

ချက်ခြင်းပဲ ခြင်းတောင်းကို ကောက်သယ်နေတဲ့ ကောင်လေးလက်ကို သူလှမ်းတားလိုက်သည်။

"နေပါဦး မင်းက ပိုက်ဆံ ဘယ်တော့ပေးမှာလဲ"

"စဉ်းစားလိုက်ဦးမယ် စဉ်းစားပြီးရင်ပေးမယ်နော်"

"ငါက မင်းကို ဘယ်လိုယုံရမလဲ"

"ဒီလိုလေး လုပ်ပေးမယ်..."

သူ့လက်ထဲက ခြင်းလေးကို ပြန်ချပြီး ချန်းယောလ်လက်ကိုယူကာ သူ့ရဲ့လက်သန်းသေးသေးလေးနဲ့ လာချိတ်သည်။

"ကတိနော် ပိုက်ဆံက ဘယ်လိုရှာရမလဲ မသိပေမဲ့ ပြန်ဆပ်ပါ့မယ်
ထမင်းက ဘယ်တော့စားရမှာလဲဟင်"

"စားလို့ရနေပါပြီဗျာ
ငါကယ်မိတာ လူမဟုတ်ဘူး ဝက်ကလေးပဲ လာ သွားမယ်"

သူ့ကို ဝက်ကလေးလို့ပြောတာကို စိတ်မဆိုးတဲ့အပြင် ချန်းယောလ်လေးမှာ ခုန်ဆွဆွလုပ်ပြီး လိုက်လာရင်း ပါးစပ်ကလည်း ဝက်အသံလုပ်ပြနေသေးသည်။ တကယ့်ဟာလေးပဲ။

လုပ်သားတွေနဲ့အတူတူ ထမင်းစားနေတဲ့ ကလေးလေးကို အရိပ်တကြည့်ကြည့်လုပ်ပေးရင်း ချန်းယောလ်မှာ ထမင်းတောင် ကောင်းကောင်းမစားဖြစ်လိုက်ပါ။

Red String of FATEWhere stories live. Discover now