ကယ်တင်ရှင်က ဘယ်ဆိုးလို့လဲ။ အေးအေးလေးဖြစ်အောင် အဲကွန်းဖွင့်ပေးတဲ့အပြင် မင်းသားလေးစားဖို့လည်း အသီးတွေ ပို့ပေးလိုက်တာပဲ။
"အသီးတွေက အလုံးအကြီးကြီးတွေ
နှစ်ခြင်းလုံး တစ်ယောက်တည်းတော့ မကုန်ပါဘူး
ဦးလေးဂျွန်ကို နည်းနည်းကျွေးရမယ်"
သူ့အတွေးနဲ့သူ သဘောကျသွားတဲ့ မင်းသားလေးက ပါးလေးတွေဖောင်းတက်သွားအောင် ရယ်လိုက်ရင်း စပျစ်သီးလေးတစ်လုံးကို ဖြုတ်စားလိုက်သည်။ ချိုလိုက်ပုံများ။ တစ်လုံးပြီးတစ်လုံးစားပြီး ဗိုက်လေး တင်းသွားတော့မှ လက်လျော့ပြီး နောက်မှီပါတဲ့ သစ်သားခုံရှည်ပေါ် လှဲချလိုက်သည်။
"ထမင်းတောင် စားနိုင်ပါတော့မလား"
ဗိုက်လေးကို ပွတ်ရင်း သူတစ်ယောက်တည်းပြောလိုက်ပြီး ငြိမ်ငြိမ်လေးလှဲနေမိသည်။
ဗိုက်လေးသွားလို့ မင်းသားလေးခမြာ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး။ မျက်လုံးလေးတွေလည်း စင်းလာပြီး အိပ်ချင်သလိုလို ဖြစ်လာတုန်း ကယ်တင်ရှင်က ပြန်ရောက်လာသည်။
"မင်းသားလေး ပျင်းနေ.....
ဟင် ဒါဘာတွေလဲ"
မင်းသားလေး စားထားတဲ့ စပျစ်ခိုင်ရိုးတံနဲ့ အစေ့တွေကိုကြည့်ပြီး ချန်းယောလ်သွေးတက်သွားသည်။ ဒီကောင်လေးက ဘယ်လိုတောင် အစားသောင်းကျန်းပစ်လိုက်တာလဲ။ ဒါက ဒိုင်ကို လက်ဆောင်ပေးဖို့စီစဉ်ထားတာတွေလေ။
"ကယ်တင်ရှင်ပို့ပေးတာ စားလို့ကောင်းပါတယ်
ဒါပေမဲ့ မကုန်ဘူး ကျန်တာအိမ်ယူသွားမယ်နော်"
"ဘယ်သူက မင်းစားဖို့လို့ ပြောလို့လဲ
အဲ့ဒါတွေက ဒိုင်ကိုပို့ရမှာ"
"မသိဘူးလေ ဟိုလူကြီးက ဒီတိုင်းလာပို့သွားတော့
ကျွန်တော်စားဖို့လို့ထင်သွားတာပေါ့"
သူအမှားလုပ်မိသွားတော့ မျက်နှာငယ်လေးလုပ်ပြနေတဲ့ကောင်လေးကို ရယ်ချင်ပေမဲ့ ချန်းယောလ် မျက်နှာကို တမင်တည်ထားလိုက်သည်။ တစ်ခါလွယ်လွယ်နဲ့ ကျော်သွားပေးရင် နောက်လည်း ဒီလို စည်းကမ်းမရှိတာမျိုး ထပ်လုပ်နိုင်သည်မဟုတ်လား။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 6
Start from the beginning
