"ဒါပေမဲ့လည်း..."

"ဒီထဲမှာ ခဏနေဦးနော်
ပြီးရင် စတော်ဘယ်ရီအခင်းဘက်ကို ခေါ်သွားမယ်
အခု အသီးတွေ ဆိုင်တင်ဖို့ သွားကြည့်ပေးလိုက်ဦးမယ်"

"ဟုတ်ကဲ့ ငြိမ်ငြိမ်လေး နေပါ့မယ်"

လိမ်မာပြနေတဲ့ကောင်လေးရဲ့ခေါင်းပေါ်က ဦးထုပ်ကိုလှမ်းယူလိုက် ဆံပင်လေးတွေကို ချစ်စနိုးနဲ့ ဆွဲဖွာပြီးနောက် သစ်သားအိမ်လေးထဲကနေ ထွက်ခဲ့သည်။ ဒီနေ့ စပျစ်သီးတွေကို အသီးဒိုင်ဆီပို့ရမည့်နေ့ဖြစ်သည်။ အသစ်ထပ်ပြီး တင်သွင်းမည့် ဒိုင်ဖြစ်သောကြောင့် လစ်ဟာမှုမရှိအောင် သွားပြီး ကြီးကြပ်ပေးရဦးမည်။

"အစ်ကို ချန်းယောလ် ဒိုင်ပို့မဲ့ အသီးတွေတော့ သေချာထည့်ပြီးသွားပြီ
မလှောင်အောင် လေပေါက်ပါတဲ့အသီးဖာတွေ သေချာသုံးပေးထားတယ်
ဒိုင်ကို လက်ဆောင်ပေးမဲ့ ခြင်းတွေကတော့ အသီးသယ်တဲ့ကားလာမှ ခေါင်းခန်းမှာတင်ပေးလိုက်မယ်နော်"

"အင်း အခုက နေနည်းနည်းပူချင်လာပြီ
အဲ့ဒီခြင်းထဲက အသီးတွေ မညှိုးအောင် အစ်ကို့အခန်းထဲ ခဏသွားပို့ထား
အဲကွန်းပါဖွင့်ပေးခဲ့နော်"

မင်ချောက လှလှပပ ပြင်ဆင်ထားသည့် အသီးခြင်းနှစ်ခုကို ချန်းယောလ် အလုပ်ခန်းထဲသွားပို့ရန် လုပ်သားတစ်ဦးကို လွှတ်လိုက်သည်။ ထို့နောက် အသီးဂျပ်ဖာပြည့်မပြည့်နှင့် ထုပ်ပိုးထားတာ အဆင်ပြေမပြေကြည့်ရန် အသီး ဂိုထောင်ဘက်သို့ ချန်းယောလ်တို့နှစ်ယောက် ထွက်ခဲ့ကြသည်။

💓

မင်းသားလေးတစ်ယောက်တည်း ချန်းယောလ်စားပွဲပေါ်မှာတင်ထားသော စာရွက်ဖိသည့် ဖန်တုံးနှင့် ဆော့နေရင်း တံခါးဖွင့်ဝင်လာသူကြောင့် အခန်းဝကို ကြည့်လိုက်သည်။ မင်းသားလေး မမြင်ဖူးသည့်လူက အသီးခြင်းနှစ်ခြင်းကိုဆွဲ၍ မနိုင်မနင်းဝင်လာသောကြောင့် လိမ်မာနေသော မင်းသားလေးက ခြင်းထောင်းကို ပြေးကူဆွဲပေးလိုက်သေးသည်။

"ဘယ်သူလဲဟင်..."

"ဒီက အလုပ်သမားပါ"

"ဒါတွေကရော..."

"ခြံဦးစီးက အခန်းထဲထည့်ပေးထားဆိုလို့"

ထိုလူက ခြင်းနှစ်ခုကို သစ်သားစားပွဲလေးပေါ်တင်လိုက်ပြီး မီးခလုတ်ဖွင့်ကာ အဲကွန်းလည်း ဖွင့်လိုက်သည်။ပြီးနောက် မင်းသားလေးကိုနှုတ်ဆက်ပြီး ပြန်ထွက်သွားသည်။

Red String of FATETahanan ng mga kuwento. Tumuklas ngayon