"ကားစီးရပြီ ဟီးဟီး"
"ငြိမ်ငြိမ်လေးထိုင်"
"ဦးလေးဂျွန် တာ့တာ"
ကားပြတင်းပေါက်ကနေ ခေါင်းရော လက်ပါထုတ်ပြီး ဦးလေးဂျွန်ကို နှုတ်ဆက်ပြီး ခုံမှာနေရာတကျပြန်ထိုင်နေသည်။ ချန်းယောလ် ကားမောင်းသည့်နေရာမှာ ထိုင်လိုက်ပြီးနောက် ကားတံခါးကို လော့ကချကာ ဘေးက အကာကိုပါ ချပေးလိုက်သည်။ ဂျစ်ကားက ဟောင်းလောင်းပေါက်မို့ ဘေးအကာကို လုံခြုံအောင် တမင်သွားတပ်ထားတာဖြစ်သည်။ မိုးမကြာခဏရွာတတ်သောကြောင့် ကားအတွင်းပိုင်းများ မကြာခဏ ရေစိုသည်ကို ချန်းယောလ်သဘောမကျပါ။ အခုတော့ ကောင်လေးနဲ့အတူတူစီးဖို့ အဆင်ပြေသွားသည်။ အရင်လို ဟောင်းလောင်းပေါက် ဂျစ်ကားဆို အငြိမ်မနေတဲ့ကောင်လေးအတွက် အန္တရာယ်များသည်။
"လှလိုက်တာ လှလိုက်တာ
ဟိုမှာပင်လယ်ကြီး ဒီဘက်မှာအပင်လေးတွေ
အပြင်သွားရတာပျော်စရာကြီးနော်"
"ခြံထဲမှာက နေပူတယ် မင်းသားလေးရဲ့"
"နေပူလည်း မကြောက်ပါဘူး
ကယ်တင်ရှင်နောက်မှာ ရပ်လိုက်ရင် နေကိုတောင် မမြင်ရတော့တဲ့ဟာကို"
ချန်းယောလ်လည်း မနိုင်စိန်လေးနဲ့ စကားဆက်မပြောတော့ဘဲ ကားကိုသာဂရုတစိုက်မောင်းနေလိုက်သည်။ ခြံထဲရောက်လို့ ရာသီဥတု ပြင်းတာနဲ့ကြုံရင် နောက်နေ့လိုက်ချင်တော့မှာ မဟုတ်ပါဘူးလေ။
💓
"အစ်ကိုချန်းယောလ် ရောက်ပြီလား
ဟာ မင်းသားလေးလည်း ပါလာတာပဲ"
"မင်ချောက ဒီမှာဘာလုပ်နေတာလဲ
ကယ်တင်ရှင်မသိအောင် အသီးလာခူးနေတာလား"
"မင်ချောက ဒီခြံမှာ လုပ်သားခေါင်းဆောင်လေ
မင်ချောကို မနှောက်ယှက်နဲ့ အခန်းထဲမှာ ငြိမ်ငြိမ်လေးနေရမယ်နော်
လာ..."
လက်ကလေးကိုဆွဲကာ ချန်းယောလ်အလုပ်လုပ်တဲ့ သစ်သားအိမ်လေးထဲခေါ်သွားတော့ ခေါင်းလေးကို လည်နေအောင် လျှောက်ငေးရင်း ပါလာသည်။
"အသီးအများကြီးပဲဆို စားမယ်လေ"
"မင်းပဲ အသီးမစားဘူး လိုက်ပဲလိုက်မှာဆို"
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 6
Start from the beginning
