"ချန်းယောလ်ရေ ဦးလေး လာပြီ"

"ဦးလေး ဒီနေ့တော့ အနားရတယ်လို့ပဲ သဘောထားလိုက်ဗျာ
ကျွန်တော် ကလေးကို ခြံထဲခေါ်သွားဖို့"

"ဖြစ်ပါ့မလား မင်းအလုပ်ရှုပ်နေပါ့မယ်
ဦးလေးနဲ့နေနေကျပဲ ထားခဲ့လည်းရပါတယ်"

ချန်းယောလ်က ရေသန့်ဗူးတစ်ဗူးပါ အိတ်ထဲထည့်ကာ ဇစ်ပိတ်လိုက်ရင်း...

"သူက လိုက်ချင်နေတာ ဦးလေးရေ
ထားခဲ့ရင် တစ်နေကုန်ရစ်နေမှာ
ခေါ်သွားလိုက်မယ်လေ တစ်ရက်ပင်ပန်းတော့လည်း နောက်လိုက်ချင်တော့မှာမဟုတ်ဘူး"

"မင်းအလုပ်ပျက်နေမှာစိုးလို့"

"တစ်ရက်တစ်လေပဲ ရပါတယ်"

"ကယ်တင်ရှင်ရေ ကျွန်တော်လှလား...
ဦးလေးဂျွန်ရောက်နေတာလား"

"မင်းသားလေးက ဒီအင်္ကျီလေးနဲ့ ကြည့်ကောင်းလိုက်တာ
ခြံထဲမှာ လိမ်မာရမယ်နော်"

"ဟုတ်ကဲ့ စိတ်ချနော် ဘာမှမလုပ်ဘူး ငြိမ်ငြိမ်လေးပဲနေမှာ"

"အေးပါ ယုံပါတယ် လာသွားမယ်
နေမမြင့်ခင်"

"ကားဂရုစိုက်မောင်းနော်"

"ဟုတ်ကဲ့ ဦးလေး"

ချန်းယောလ်ရဲ့ ဦးထုပ်အဝိုင်းကြီးကို ကောင်လေးခေါင်းပေါ်တင်ပေးလိုက်တော့ မေးသိုင်းကြိုးကို သူ့ဘာသာ ချည်လိုက်သည်။ ဒီဦးထုပ်ကြီးကိုတော့ သူတော်တော်သဘောကျပုံရသည်။

"အင်္ကျီလေး ထပ်ဝတ်လိုက်ဦး
ဟိုမှာနေပူတယ်"

"အသီးလေးမပေါ်ဘဲနေမှာပေါ့"

သူ့အင်္ကျီရင်ဘတ်က ချယ်ရီသီးပုံလေးကို လက်ညှိုးထိုးပြီးပြောနေပုံက ချန်းယောလ်စကားကို စောဒက တက်ချင်သလိုပုံမျိုးနှင့်။

"ကြယ်သီးမတပ်နဲ့လေ
ငါလည်း နှစ်ထပ်ဝတ်ထားတာ မင်းလည်းဝတ်ရမှာပေါ့"

"အွန်း"

ကောင်လေးက သိပ်ကျေနပ်ပုံမရသော်လည်း လိုက်မလာရမည်စိုးသောကြောင့် ယူဝတ်လိုက်သည်။ ကားနောက်ခန်းမှာ ကျောပိုးအိတ်ကို တင်လိုက်ပြီး ကောင်လေးကို ရှေ့ခန်းမှာ အရင်ပေးထိုင်လိုက်သည်။

Red String of FATETempat cerita menjadi hidup. Temukan sekarang