အိပ်တော့နော်"
"ကယ်တင်ရှင်...."
"အင်း..."
"ကျွန်တော့်မှာလည်း ပုလဲနက်ဆွဲကြိုးလေးရှိတယ်"
ကုတင်ပေါ် ထထိုင်ပြီး အင်္ကျီကြယ်သီးကိုဖြုတ်ကာ ဆွဲကြိုးကို အတင်းထုတ်ပြနေသောကြောင့် ချန်းယောလ်လည်း အိပ်နေရာက ထကာ ကောင်လေး ကုတင်ဘက် ကူးသွားရသည်။
"အင်္ကျီတွေ လျှောက်ချွတ်မနေနဲ့ အအေးပတ်မယ် အိပ်တော့..."
ကုတင်ပေါ်ပြန်လှဲစေပြီး စောင်ခြုံပေးလိုက်တော့ မျက်လုံးလေးများကို ချက်ချင်းမှိတ်လိုက်သည်။ ချန်းယောလ် ကုတင်ပေါ်က ထရပ်လိုက်တာနှင့်...
"ကယ်တင်ရှင်...ညဘက် မိုးရွာရင် ကျွန်တော့်ကို ဖက်ထားပေးဦးနော်
ကျွန်တော် ကြောက်လို့..."
"အင်း...ဒီည မိုးမရွာဘူး စိတ်ချလက်ချအိပ်"
ပြုံးပြီးမျက်လုံးပြန်မှိတ်သွားတဲ့ကောင်လေးက မိုးမရွာတာကို စိတ်ချသွားသည့်ပုံနှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ချန်းယောလ်ကသာ မအိပ်နိုင်ဘဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် ဖြစ်နေသည်။ ထို့နောက် ကောင်လေးကုတင်ဘက်ကို စောင်းပြီး အိပ်ပျော်နေတဲ့ ကောင်လေးကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ မင်းရဲ့ပုလဲနက်ဆွဲကြိုးလေးက တစ်စုံတစ်ယောက်နဲ့ စိတ်ချင်းဆက်သွယ်ပြီးသားများ ဖြစ်နေမလား မင်းသားလေးရေ။
💓
အလစ်တဲလေး နောက်ကျသွားတယ် 😘
(Zawgyi)
စိုက်ပျိုးခြံလုပ်ငန်းက နားရက်မရှိပေမဲ့ ချန်းယောလ်ခြံထဲက လုပ်သားတွေကိုတော့ ရက်အလိုက် ပေးနားသလို ချန်းယောလ်ကိုယ်တိုင်လည်း တစ်ပတ် တစ်ရက် နားရက် ယူဖြစ်သည်။ ဒီနေ့တော့ အိမ်ကို အုပ်ချုပ်ရေးမှူးလာမည်ဆိုသောကြောင့် နားရက်ယူထားပြီး မနက်စောစောကတည်းက ကောင်လေးနဲ့အတူတူရှိနေသည်။
ချန်းယောလ် ဝယ်လာပေးသော အဝတ်များက သူနှင့်ကွက်တိပဲမို့ အရင်လို ကပိုကယိုတွေဖြစ်မနေတော့။ ချန်းယောလ်အဝတ်ဘီရိုအောက်ဆုံးထပ်ကို သူ့အဝတ်တွေထည့်ပေးထားသောကြောင့် ထိုအထပ်ကို သူ့အပိုင်လို သူသဘောကျသည့် ပစ္စည်းများပါ ထည့်သိမ်းထားသေးသည်။ ကမ်းခြေကနေ မင်ချောကောက်လာပေးတဲ့ ခရုခွံအချို့နဲ့ ဦးလေးဂျွန်ဆီက ပုံပြင်စာအုပ်အချို့ကိုလည်း ထည့်သိမ်းထားသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 5
Start from the beginning
