"သူတို့က မင်းအတွက်လာတာ...
မင်းကို အိမ်ပြန်ပို့ပေးဖို့လေ..
မင်းအိမ်ကို ကူရှာပေးဖို့လာကြတာ
မင်းအိမ်မပြန်ချင်ဘူးလား"

ချန်းယောလ်ပြောသမျှကို ဂရုတစိုက်နားထောင်နေပေမဲ့ ခဏလေးအတွင်းမှာပဲ မှုန်ကုပ်ကုပ်မျက်နှာပြန်ပြောင်းသွားသည်။

"မပြန်ချင်ပါဘူး
ကျွန်တော့်ကို ပင်လယ်ကမ်းစပ်က ကောက်လာတာဆို
အိမ်ကိုပို့မယ်ဆိုပြီး ရေထဲပြန်ပစ်ချမှာမလား"

"မဟုတ်တာတွေ...မင်းကို သေချာပြောပြမိတဲ့ ငါကိုကမှားတာ
လာ ထမင်းစားမယ်
ခြေလက်ဆေးထားပါဆို မဆေးထားဘူး
ထမင်းတစ်ပန်းကန် လျော့ကျွေးရမယ်"

"နောက်ပိုပြီး လိမ္မာပါ့မယ်
ထမင်းမလျော့နဲ့နော် ဗိုက်က အရမ်းဆာနေတာ"

ဘာပဲပြောလိုက် ပြောလိုက် အကြောင်းပြချက်အပြည့်နဲ့ကောင်လေးက ထမင်းကို ပုံမှန်ထက် တစ်ပန်းကန်ပိုစားလိုက်သေးသည်။
သူ့အပြောအရတော့ ကယ်တင်ရှင်နဲ့တူတူမို့ ပိုပြီးစားလို့ကောင်းပါသည်တဲ့။ ဘယ်လောက်လည်တဲ့ မင်းသားလေးလဲ။

💓

ညအရမ်းမနက်သေးသော်လည်း ချန်းယောလ်ရော ကောင်လေးပါ အိပ်ယာပေါ် ကိုယ်စီ နေရာယူပြီးကြပြီဖြစ်သည်။ ချန်းယောလ်တစ်ယောက်တည်းနေတုန်းက ကုတင်ကို ပြတင်းပေါက်နှင့်တည့်တည့် ခင်းထားတာဖြစ်ပြီး ကောင်လေးအတွက် ကုတင်အသစ်ရောက်လာတော့ ကုတင်နှစ်လုံးကို ပြတင်းပေါက်ခြားကာ ယှဉ်လျက်ခင်းထားသည်။ နှစ်ပေခွဲလောက်သာကွာခြားသောကုတင်နှစ်လုံးကြောင့် တစ်ယောက်နှင့် တစ်ယောက် ကောင်းစွာမြင်နေရသလို၊ စကားလည်း ပြောလို့ရသည်။

ညဘက်တိုင်း ပုံပြင်ဖတ်ပြဖို့တာဝန်တိုးလာတဲ့ ချန်းယောလ်က အိပ်ချိန်တိုင်း ကောင်လေးကို ပုံပြင်ပြောပြလေ့ရှိသည်။ ပြတင်းပေါက်နေဝင်လာတဲ့ လရောင်ရယ်၊ အေးအေးချမ်းချမ်းတိုက်ခတ်နေတဲ့ ပင်လယ်လေရယ်၊ သူနဲ့ကောင်လေးရယ်...ညကလေးက အေးချမ်းလို့နေသည်။

"ရေသူထီးလေးက သူ့ရဲ့ပုလဲနက် ဆွဲကြိုးလေးကို မင်းသမီးလေးကို ပေးခဲ့တယ်တဲ့
အဲ့ဒီဆွဲကြိုးလေးကြောင့် သူတို့က ဘယ်လောက်ဝေးဝေးတစ်ယောက်အနားတစ်ယောက်ရှိသလို နွေးထွေးနေပြီး
သူတို့ရဲ့အချစ်ကလည်း ထာဝရ တည်မြဲသွားတယ်တဲ့

Red String of FATEМесто, где живут истории. Откройте их для себя