"မင်းသားလေး အဲ့လိုမပြောရဘူးလေ"

ချန်းယောလ် ခပ်ကြိတ်ကြိတ် ပြောလိုက်တော့မှ ခေါင်းငုံ့သွားပေမဲ့ နှုတ်ခမ်းကို ထော်ထုတ်ထားသေးသည်။ အခုမှတွေ့ဖူးတဲ့ အုပ်ချုပ်ရေးမှူးကို ဘာတွေ သဘောမကျ ဖြစ်နေမှန်းမသိ။

"စိတ်မရှိပါနဲ့နော် ကလေးက နည်းနည်း..."

"ရပါတယ် ကိစ္စမရှိဘူး
ရုပ်လေးက သနားကမားလေး အိမ်နဲ့မြန်မြန် ပြန်တွေ့ပါစေလို့ ဆုတောင်းရမှာပဲကွာ
အိမ်ကလည်း ဘယ်လောက် ပူပန်နေလိုက်မလဲ

ကလေးလေး...ဦးလေးတို့ဆီလာလည်ဦးနော်"

"ဟင် ဘာကလေးလေးလဲ
မင်းသားလေးပါဆို"

"အေးပါကွာ မင်းသားလေး လမ်းကြုံရင် ချန်းယောလ်နဲ့ လိုက်ခဲ့နော်"

"အွန်း..."

"မင်းသားလေး အိမ်ထဲဝင်ပြီး ခြေလက်ဆေးနှင့်
ပြီးရင် ထမင်းတူတူစားမယ်"

"ဟုတ်ကဲ့"

ကောင်လေး အထဲဝင်သွားပြီးမှ ချန်းယောလ်ကိုနှုတ်ဆက်ပြီး အုပ်ချုပ်ရေးမှူးလည်း ပြန်သွားသည်။ သူအိမ်ထဲဝင်သွားတော့ ကောင်လေးက ခုံပေါ်မှာထိုင်ရင်း မျက်နှာကို စူပုတ်လို့ထားသည်။

"ဘာကိုကောက်နေပြန်တာလဲ
ထမင်းစားမယ်လေ"

"ကယ်တင်ရှင်က လူအသစ်တွေရောက်လာလို့ ကျွန်တော့်ကို ဦးလေးဂျွန်အိမ်မှာ လိုက်မခေါ်တာမလား
ကျွန်တော်က ကယ်တင်ရှင်လာခေါ်မလားလို့စောင့်နေတာ
ဗိုက်ဆာ‌ေတာ့မှ ဒီခြေထောက်တွေနဲ့ ကိုယ့်ဘာသာပြန်လာရတယ်"

ခုံပေါ်မှာကွေးတင်ထားတဲ့ခြေထောက်တွေကို ကြမ်းပေါ် ဆတ်ခနဲချပြီး လှုပ်ယမ်းပြကာ ပြောနေပုံလေးက တကယ်ချစ်စရာကောင်းသည်။ ဦးလေးဂျွန်အိမ်ကိုသွားတာကြာရင် ချန်းယောလ် လိုက်ခေါ်တတ်တာကိုလည်း သူက အမှတ်အသားထားပြီး စောင့်နေသေးသည်။ ဧည့်သည်လာတာကိုလည်း မနာလိုဖြစ်ရသေးသည်။ တကယ့်ဟာလေးပဲ။

ကောင်လေးရဲ့ဘေးမှာ ချန်းယောလ် ဝင်ထိုင်လိုက်ပြီး သူ့ပခုံးလေးကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့ မကျေနပ်တဲ့ မျက်လုံးလေးတွေနှင့် မော့ကြည့်လာသည်။

Red String of FATEWhere stories live. Discover now