"အဖေ စုံစမ်းခိုင်းလို့ ငါရဲစခန်းမှာ ဝင်မေးခဲ့ပေမဲ့ အခုထိ လူပျောက်တိုင်တာမျိုးမရှိသေးဘူးတဲ့
ကမ်းစပ်မှာတွေ့တာဆိုတော့ သင်္ဘောတွေဘာတွေပျက်တာထင်တယ်
အဲ့ဒီနေ့က မုန်တိုင်းရှိတာ နေရာတော်တော်များတော့ အနီးအနားကမဟုတ်ဘဲ ဝေးဝေးလံလံက မြောပါလာတာလည်းဖြစ်နိုင်တယ် ချန်းယောလ်
ငါတို့ အနီးအနားမြို့တင်မဟုတ်ဘဲ နေရာတိုင်းကို သတင်းပေးနိုင်ရင် အဆင်ပြေတာပေါ့"

"ငါကြိုးစားကြည့်ပါဦးမယ်
အခုလောလောဆယ်တော့ ကလေးက..."

"ကယ်တင်ရှင်ရေ...ကျွန်တော်ပြန်လာပြီ
ထမင်းစားချင်တယ် ဗိုက်ဆာနေပြီ"

လှေကားကနေ အော်ပြီးတက်လာတဲ့ အသံဆာဆာလေးကြောင့် သူတို့ စကားပြောတာရပ်သွားသည်။ ဧည့်သည်တွေကို မြင်သွားတဲ့ကောင်လေးက အထူးအဆန်းလို လှမ်းကြည့်နေပြီး လှေကားထိပ်မှာရပ်နေသည်။ ချန်းယောလ် အသစ်ဝယ်လာပေးတဲ့ ချည်ဘောင်းဘီနဲ့ တီရှပ်အဝါလေးဝတ်ထားပြီး ချန်းယောလ်ဆောင်းနေကျ ဦးထုပ်အဝိုင်းကြီးကို ယူဆောင်းထားသောကြောင့် မှိုပွင့်သေးသေးလေးလို ဖြစ်နေသည်။

"လာလေ ဒီနားကို"

ချန်းယောလ် ခေါ်လိုက်တော့မှ တရွေ့ရွေ့နှင့် အရှေ့တိုးလာသည့် ကောင်လေးမျက်လုံးတွေက ယူဂျောင်းနဲ့ အုပ်ချုပ်ရေးမှူးကို တစ်လှည့်စီ စူးစမ်းလို့နေသည်။

"ကယ်တင်ရှင် သူတို့က ဘယ်သူတွေလဲ"

"ဒီက အုပ်ချုပ်ရေးမှူး ဦးလေး ဂို လို့ခေါ်လို့ရတယ်
ဟိုဘက်က ဦးလေးဂိုရဲ့သမီး ဂိုယူဂျောင်း"

"ဦးလေးကြီးက ဘာလာလုပ်တာလဲ"

အုပ်ချုပ်ရေးမှူးကို ကြည့်ပြီးမေးလိုက်သောကြောင့် အုပ်ချုပ်ရေးမှူးက ချန်းယောလ်ကို ကြောင်ပြီးပြန်ကြည့်နေသည်။
ပြီးမှ အလိုက်အထိုက် ရယ်မောလိုက်ရင်း ကောင်လေးသဘောကျ ပြန်ဖြေရတော့သည်။

"ဒီတိုင်းလာလည်တာပေါ့"

"ကျွန်တော် ဦးလေးဂျွန်ဆီကို သွားသလိုမျိုးလား"

"အင်း အင်းပေါ့ အားလို့ လာလည်တာ"

"ဒါဆို ပြန်လို့ရပြီနော်"

Red String of FATEDonde viven las historias. Descúbrelo ahora