ချန်းယောလ်ဆီကခွင့်ပြုကြောင်းတောင် နားမထောင်တော့ဘဲ လှစ်ခနဲထွက်ပြေးသွားသည့် ကောင်လေးကိုကြည့်ပြီး သူကတော့ ပြုံးရုံသာ ပြုံးနိုင်တော့သည်။ ဒီကောင်လေးက ဒီပတ်ဝန်းကျင်နဲ့အသားကျနေလိုက်တာများ ငယ်ကတည်းက ဒီမှာကြီးပျင်းလာခဲ့သလိုပင်။ ဦးလေးဂျွန်ကိုလည်း သူ့အမျိုးလို့ ချွဲလိုက် ဂျစ်လိုက်နဲ့ ဆိုးလိုက်နဲ့။ ဦးလေးကလည်း လူပျိုကြီးမို့သာပဲ။ ဒီကောင်လေးနဲ့ အရမ်းကို အဆင်ပြေနေတော့တာဖြစ်သည်။ ဦးလေးဂျွန်က အလိုလိုက်တော့ ချန်းယောလ်ဘက်က နည်းနည်းတင်းကြပ်ရသည်။ နှစ်ယောက်လုံးများ အလိုလိုက်ထားရင် လူလည်လေးက ဘယ်လောက်ဆိုးနေမည် မပြောတတ်။

ချန်းယောလ်ရေချိုးပြီးချိန်ထိ ပြန်မလာသေးသောကြောင့် လိုက်ခေါ်ဖို့ အပြင်ထွက်တုန်းမှာပဲ အုပ်ချုပ်ရေးမှုးရောက်လာသည်။
အုပ်ချုပ်ရေးမှုးနဲ့အတူ ယူဂျောင်း ပါလာသည်။ ယူဂျောင်းက အုပ်ချုပ်ရေးမှူးရဲ့ သမီးအငယ်ဖြစ်ပြီ ချန်းယောလ်နဲ့ ငယ်ကတည်းက ရင်းနှီးလာသူလည်း ဖြစ်သည်။

"ချန်းယောလ် မတွေ့တာကြာပြီ"

"ဟုတ်တယ်နော် နင်အလုပ်တွေ အဆင်ပြေရဲ့လား"

"ပြေပါတယ် အခု ခွင့်ရက်ယူလာတာလေ
ဒီမှာ တစ်ပတ်လောက်တော့နေဖြစ်မယ်"

"အိမ်ပေါ်တက်ကြလေ"

အိမ်ကိုရောက်ဖူးနေသူများမို့ အိမ်ထဲမဝင်တော့ဘဲ အိမ်ရှေ့က ခုံတန်းကျယ်ပေါ်မှာပဲ ထိုင်ပြီး စကားပြောဖြစ်ကြသည်။ ချန်းယောလ်တို့အိမ်က ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အပြင်ဘက်မှာလည်း နေရာတော်တော်ကျယ်ကျယ် ရှိသည်။ လက်ရန်းပတ်လည်မှာ ထိုင်ခုံပါတွဲရိုက်ထားပြီး ပန်းအလှလေးများလည်း စိုက်ထားသည်။ အိမ်ကလှမ်းကြည့်ရင် ပင်လယ်ပါမြင်ရသည်အထိ ကမ်းခြေနှင့်နီးသည့်နေရာမို့ ရေတက်လာရင် အဆင်ပြေအောင် ခြေတံရှည်အခိုင်အမာ ဆောက်ထားတာဖြစ်သည်။

"ဟို ကလေးရော..."

"ဦးလေးဂျွန်ဆီ ခဏသွားနေတယ်
သူ့ကို ပြန်မခေါ်ခင် အခြေအနေလေး အရင်ပြောကြရအောင်လား
သူလာရင် ပြောရအဆင်ပြေမယ်မထင်ဘူး"

Red String of FATEWhere stories live. Discover now