13. Devil hunters

453 58 48
                                    

(Unicode)

မနက်အာရုံတက်ကာစ နေရောင်တောင်မလင်းသေးတဲ့အချိန် တိတ်ဆိတ်နေဆဲမြို့လေးထဲသို့လူတစ်စု ဝင်လာတယ်...။ သူတို့အဖွဲ့ကစုစုပေါင်း5ယောက်...။

အလယ်ကနေ ဝတ်ရုံရှည်ကြီးခြုံကာ မာန်အပြည့်နဲ့လျှောက်လာသူက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Kimura...။ သူ့ညာဘက်မှာရှိတဲ့2ယောက်ထဲက အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနဲ့လူက Joe...။ အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့ လူက Zine...။ ဘယ်ဘက်မှာရှိတဲ့2ယောက်ထဲက ခပ်ချောချောကောင်လေးကတော့ Von...။ သူ့ဘေးက ချစ်စဖွယ်ကောင်မလေးက Nina...။ အမှန်တော့ သူတို့5ယောက်က Devil Hunter တွေပါ...။

အရင်ကစည်ကားတဲ့မြို့လေးက အခုတော့ မနက်လင်းတာတောင် လူတွေအိမ်ပြင်မထွက်ရဲကြတော့ပါဘူး...။ မိစ္ဆာကအချိန်မရွေး ရောက်လာနိုင်တော့ အဖော်အပေါင်းရှိမှသာ အိမ်ပြင်ထွက်ရဲတဲ့အဖြစ်သို့ ရောက်ရှိနေလေပြီ...။ သူတို့5ယောက်ရဲ့ ခြေလှမ်းတွေက အိမ်တစ်အိမ်ရှေ့မှာ ရပ်တန့်သွားကြလေတယ်...။

"လိပ်စာအရတော့ဒီအိမ်ပဲ ခေါင်းဆောင်ကြီး"

Von က သူ့အိတ်ထဲကစာရွက်ကို သေချာအောင်ပြန်ထုတ်ကြည့်ပြီး အတည်ပြုလိုက်တယ်...။ Kimura လည်း မဲ့ပြုံးတစ်ချက်ပြုံးကာ Zine ဘက်ကို မေးဆတ်ပြလိုက်တယ်...။ Zine လည်း ခေါင်းတစ်ချတ်ညိတ်ပြီး ခြံထဲကိုကျော်ဝင်လိုက်လေတယ်...။ ပြီးတော့မှအိမ်တံခါးကို တဒုန်းဒုန်းထုလိုက်တယ်....။ ခေါင်းဆောင်နဲ့ကျန်အဖွဲ့သားတွေကတော့ ခြံအပြင်ဘက်မှာ အေးဆေးစောင့်နေကြလေတယ်...။

"ဝုတ် ဝုတ် ဝေါင်း....!!!"

ရုတ်တရတ်အစွယ်တဖွေးဖွေးနဲ့ မာန်ဖီနေတဲ့ ခွေးကြီးနှစ်ကောင် ရောက်လာပေမယ့် Zine က မမှုပါဘူး...။ ခွေးတွေကိုအေးဆေးပင် ကိုင်ပေါက်ပစ်လိုက်နိုင်တယ်...။ ခေါင်းဆောင်ကလည်း Zine ကိုယုံကြည်စွာနဲ့ အိမ်ထဲကိုလှည့်တောင်မကြည့်...။

"ဘယ်သူတွေလဲ ဘာကိစ္စလဲ...??"

လေးထောင့်စပ်စပ်ခပ်သေးသေး ချောင်းကြည့်ပေါက်လေးကနေ လူတစ်ယောက်ရဲ့အသံထွက်လာပြီး အပြင်ကိုလှမ်းကြည့်ကာမေးတယ်...။ Zine က နောက်ဆုံးပိတ်လက်သီးတစ်ချက်နဲ့ ခွေးကြီးရဲ့မေးရိုးကိုပင့်ထိုးလိုက်ပြီးမှ အိမ်ထဲကိုအော်ပြောလိုက်တယ်...။

Under My Skin (Completed)Where stories live. Discover now