MLBB-30 (Final)

1.5K 113 53
                                    

Unicode

လေးဘက်လေးရံ မှန်တွေနဲ့ကာရံထားတဲ့ အခန်းတစ်ခုထဲမှာ ဆံပင်တွေဖွာလန်ကျဲကာ လက်နှစ်ဖက်ကိုလက်ထိပ်ခပ်ထားလျက်နဲ့ထိုင်နေတဲ့မိန်းကလေးတစ်ဦး မျက်လုံးတို့ကကြောက်လန့်နေကာ တစ်ကိုယ်လုံးတုန်ခါနေလျက် သူမဟာကြောက်ရွံ့နေတယ် ။သူမတစ်ကိုယ်လုံးတင်မကမျက်နှာတွေမှာပါညိုမဲရာတွေစွဲနေတဲ့သူမကmieyoungပင်။

"ကျွီ...."

ထိုအချိန်မှန်တံခါးတစ်ချပ်ဟာပွင့်လာကာဝင်ရောက်လာတဲ့သူဟာ သူမအတွက်တော့အလင်းရောင်တစ်ခုကိုမြင်လိုက်ရသလို...

"Taehyung... Taehyung. ငါ့ကိုကယ်ပါ...ငါကြောက်တယ်....ငါ့ကို ဒီနေရာကနေထုတ်ပေးပါ...ငါကြောက်လို့ပါ...."

လုပ်ခဲ့တဲ့အမှားတွေကိုမျက်နှာပြောင်စွာနဲ့လျစ်လျူရှုကာအသံတွေတုန်ခါလျက် taehyungကိုခြေထောက်ဖက်ကာသူမတောင်းဆိုမိတယ်....

Taehyungကသူမ ဆွဲကိုင်ထားတဲ့ခြေထောက်ကိုဆတ်ခနဲ့ခါထုတ်ပလိုက်ကာ မျက်နှာချင်းဆိုင်ထားပေးထားတဲ့ခုံမှာဝင်ထိုင်လိုက်တယ်

"ငါ့ကိုကယ်ပေးပါtaehyungရယ်...ငါမှားမှန်းသိပါပြီ...ငါဒီနေရာမှာနေရမှာကြောက်လို့ပါ...ငါ့ကိုကယ်ပေးပါ...."

"အဟက်..."

Taehyungရဲ့လှပတဲ့နှုတ်ခမ်းပါးကနေ ကြက်သီးထစရာလှောင်ရယ်သံကြောင့် mieyoungခေါင်းကိုမော့ကြည့်မိတော့တစ်ကိုယ်လုံးရေစက်ခဲတောင့်သွားသလို အသက်တောင်ပြင်းပြင်းမရှုရဲတော့ပါ

နီရဲနေတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်ပြီးနှုတ်ခမ်းတစ်ဖက်ထဲကော့တက်နေအောင်ပြုံးနေပုံကသူ့ကိုသတ်တော့မယ် နတ်ဆိုးတစ်ယောက်လို...

"အရှက်မရှိတောင်းဆိုရဲသေးတယ်ပေါ့..."

"ဝုန်း..."

စားပွဲခုံကိုဆွဲလှန်ပစ်လိုက်တာမို့ ကျယ်လောင်လွန်းသံအသံကအလုံပိတ်အခန်းထဲကျယ်လောင်စွာထွက်ပေါ်လာတယ်။သူမလည်းချက်ချင်းအခန်း‌ထောင့်ကိုပြေးကပ်မိသွားတယ်။သူမtaehyungကိုသိပ်ကြောက်ပါတယ်

"နင့်ရဲ့ရွံ့စရာပါးစပ်ကနေငါ့ကိုကယ်ပေးဖို့ပြောနေသေးတယ်ပေါ့..."

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now