MLBB-9

890 122 6
                                    

Unicode

လွယ်အိတ်လွယ်ကျောင်းသို့ထွက်လာတော့ လမ်းထိပ်မှာ လူတစ်ယောက်နဲ့တွေ့လေတယ်

*Shin ဘာလုပ်နေတာလဲ ဘယ်သူ့ကိုစောင့်နေတာလဲ*

*အင်း...မင်းကိုစောင့်နေတာလေ*

*ဟင် ကျွန်တော့်ကို ဘာလုပ်မို့လဲ*

*မဟုတ်ပါဘူးဒီအတိုင်းဒီလမ်းကိုဖြတ်သွားရင်းနဲ့ မင်းနဲ့အတူသွားချင်လို့ မင်းကျောင်းမသွားလောက်သေးဘူးထင်လို့စောင့်နေတာ*

*Aww အင်းဒါဆို သွားမယ် လေ ဒါနဲ့ shinက ကားနဲ့လာတာမှတ်လား ကျွန်တော်က စက်ဘီးနဲ့လေ ဘယ်လိုသွားမလဲ *

*ကိုယ့်ကားကို သူငယ်ချင်းကိုယူခိုင်းထားတယ် မင်းစက်ဘီးနဲ့အတူတူသွားမယ်လေ*

Hoseokနည်းနည်းတော့စိတ်ညစ်သွားတယ် ပထမဆုံးစက်ဘီးတစ်စီးထဲအတူတူစီးချင်တာက Taehyungပဲဖြစ်စေချင်တာပေါ့ ထားပါ
ဖြစ်မှမဖြစ်နိုင်တာ

*ဒါဆို shin ကနင်းပေါ့ ကျွန်တော် shinကိုမနိုင်ဘူး *

*ရတာပေါ့*
Hoseokစက်ဘီးပေါ်ထိုင်မလို့ရှိသေးဆိုင်ကယ်အနက်တစ်စီးက အရှိန်နဲ့မောင်းပြီး ကျွန်တော်တို့နဲ့သိပ်မကွာတဲ့ရေအိုင်အသေးလေးကို အသကုန်ဖြတ်မောင်းသွားတော့ shinက အကုန်ရေတွေရွဲရွဲဆိုပြီးညစ်ပတ်သွားပေမယ့် ကျွန်တော်က အကျီင်္ံအနားစလေးတွေသာစိုကုန်တယ် ဒီဆိုင်ကယ်ကိုသိပ်သိတာပေါ့ သူ့ဆိုင်ကယ်လေ ဒါနဲ့သူကဒီလမ်းကိုဘာလာလုပ်တာလဲမသိဘူး ဆိုင်ကယ်စီးတာက လုံးဝပြစ်ကြွေချင်စရာပဲ

*တောက်..  ဆိုင်ကယ်ကိုဘယ်လိုမောင်းသွားတာလဲကွာ အကုန်ညစ်ပတ်ကုန်ပြီ baby. sorry  hoseokအဆင်ပြေရဲ့လား *
သူကကျွန်တော့်ကိုအမြဲbabyလို့မှားမှားခေါ် တယ် ဘာကြောင့်အဲ့လိုအမြဲမှားနေရတာလဲ?

*ကျွန်တော်ကနည်းနည်းလေးပဲစိုတာပါ shinကတော့အဆင်မပြေလောက်ဘူးထင်တယ်နော်*

*အင်း..ကိုယ်ကတော့ပြန်လဲမှရတော့မယ် hoseokရောပြန်လဲလိုက်လေ *

*အာ..နေပါစေတော့ ကျောင်းရောက်မှပဲ သန့်စင်လိုက်တော့မယ် ကျွန်တော်ကျောင်းနောက်ကျမှာဆိုးလို့*

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now