"ဘယ်လောက်သောင်းကျန်းပြီးလို့ ပင်ပန်းပြီးအိပ်သွားတာလဲ"

"မင်ချောနဲ့ဆော့ရင်း လှေကားပေါ်က ပြုတ်ကျတယ်လေ
မင်းပြန်လာရင် မုန့်မကျွေးတော့မှာစိုးလို့ အိပ်သွားတာ"

"တကယ်အလည်လေးပဲ"

ချန်းယောလ် ပါးချိုင့်တွေပေါ်သွားတဲ့အထိ ပြုံးလိုက်ပြီး ကောင်လေးအတွက်ဝယ်လာသည့် ဒိုးနတ်ဗူးကို စားပွဲပေါ်တင်ထားလိုက်သည်။ နိုးလာလို့မြင်ရင် ဘယ်လောက်သဘောကျလိုက်မလဲ။

ချန်းယောလ် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတဲ့အထိ မနိုးသေးတဲ့ကောင်လေးကို ဖြည်းဖြည်းလေး လှုပ်နှိုးလိုက်သည်။
ညနေခင်းအထိ အိပ်ရင် ပြန်ဖျားနေဦးမည်။

"မင်းသားလေး...ထတော့လေ
မုန့်ဝယ်လာတယ်"

"ဟင်..အင်း မုန့်လား"

"အင်း ထတော့
ခြေထောက်ရော နာနေသေးလား"

"ဟင့်အင်း...ကျွန်တော်ကလေ တမင်ခုန်ချတာမဟုတ်ဘူး
ကြက်ကလေးလိုလုပ်ကြည့်ရင်း ကျသွားတာ"

"နောက်အဲ့လိုမလုပ်နဲ့ မင်းက ကြက်မှမဟုတ်တာ"

ထမင်းစားစားပွဲမှာ မုန့်နဲ့ နွားနို့ပြင်ပေးရင်း ပြောတော့ အစားအသောက်ရှေ့မှာမို့ထင်ပါရဲ့ ခေါင်းလေးတငြိမ့်ငြိမ့်နှင့် နာခံရှာသည်။

"အများကြီးမစားနဲ့ ညစာစားရဦးမှာ"

"ညစာမစားတော့ဘူးနော် ဒါပဲစားမယ်
ဒါကိုကျွန်တော်သိတယ် အဲ့ဒါ ဒိုးနတ်"

"ဒါကျသိတယ် အလည်လေး"

ချန်းယောလ်ကို ပြန်ပြီးရယ်ပြနေသည့် ကောင်လေးရဲ့ နှုတ်ခမ်းတစ်ခုလုံးရော ပါးတွေမှာပါ ဒိုးနတ်ပေါ်က ခရင်မ်များပေပွလို့နေသည်။ ဒီကောင်လေး သူတို့နဲ့မဟုတ်ဘဲ တခြားမကောင်းတဲ့သူနဲ့များတွေ့သွားရင် ဒုက္ခရောက်နေတော့မှာပဲ။ တော်ရုံ ပင်လယ်ဘက်သွားလေ့မရှိတဲ့သူက တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့မှာ ရောက်သွားတာကလည်း ဒီကောင်လေးနဲ့ သူတို့ကြားကရေစက်ကြောင့်သာဖြစ်ပါလိမ့်မည်။

ရေစက်က ဘယ်လောက်ပါခဲ့လဲ။
ငါတို့တွေ့ဆုံဖို့အချိန်ဘယ်လောက် ရှည်ကြာမလဲ မပြောတတ်ဘူး ကောင်လေးရေ။
ငါကတော့ မင်းကို တတ်နိုင်သလောက် အကောင်းဆုံး စောင့်ရှောက်ချင်တော့တာပဲ။
မင်းပိုင်ရှင်ဆီ ပြန်မရောက်ခင်အထိပေါ့။

Red String of FATEWhere stories live. Discover now