"အဲ့ဒါကြောင့် မင်းသားလေးက အစကတည်းက ငြိမ်ငြိမ်နေမှပေါ့"

အိမ်ပေါ်ကို ပြန်တွဲခေါ်ပြီး ခုံပေါ်ထိုင်ခိုင်းထားတော့ ငြိမ်ငြိမ်လေးနေနေသည်။
အသံကြားလို့ ပြန်ရောက်လာတဲ့ ဦးလေးဂျွန်က သူ့ကလေးအကြောင်း အထာနပ်စွာ ဆေးဗူးပါ တစ်ခါတည်း ယူလာသည်။

"ဒီတိုင်းနာသွားတာ ဘာမှမဖြစ်လို့တော်သေးတယ်
နောက်အဲ့လို မခုန်ရဘူးနော် မင်းသားလေး"

"ဟုတ်ကဲ့ ဦးလေးဂျွန်
ကျွန်တော် လိမ်မာတယ်လို့ ကယ်တင်ရှင်ကို ပြောပေးနော်"

"အေးပါကွာ
ပြီးရင် ထမင်းစားပြီး ခဏအိပ်လိုက်
နိုးလာရင် မင်းရဲ့ကယ်တင်ရှင် ပြန်ရောက်နေလောက်ပြီ"

ခေါင်းတငြိမ့်ငြိမ့်နဲ့ပြောသမျှနားထောင်ကာ ထမင်းစားပြီးတာနဲ့ ကုတင်ပေါ်တက်ပြီး အိပ်ရန် ပြင်တော့သည်။ ဂျင်ထက်ပိုလည်သည့် အလည်လေးက ကုတင်အသစ်ပေါ်မှာ အိပ်ယာအဟောင်းကို ခင်းပြီး ကျကျနန အနားယူလို့နေသည်။ မင်းသားလေး အိပ်ပျော်သွားမှ မင်ချောလည်း ပြန်သွားပြီး ဦးလေးဂျွန်လည်း အနားရတော့သည်။

💓

ချန်းယောလ် ဂျစ်ကားကို စက်သတ်လိုက်ပြီး ဝယ်လာသည့် အထုပ်အပိုးများကိုသယ်ကာ ကားပေါ်ကနေ ဆင်းလိုက်သည်။ တိတ်ဆိတ်နေတဲ့ အိမ်အနေအထားအရ မင်းသားလေး အိပ်နေတာဖြစ်လောက်သည်။ အိမ်ရှေ့မှာရှိနေသည့် ခုံတန်းကျယ်ပေါ် စာအုပ်ထိုင်ဖတ်နေသည့် ဦးလေးဂျွန်ကြောင့် မင်းသားလေးအိပ်နေသည်ဆိုတာပိုသေချာသွားတော့သည်။ မဟုတ်ရင်တော့ စာဖတ်ဖို့မပြောနဲ့ ထိုင်လို့တောင်ရမည်မဟုတ်။

"ဦးလေး...မင်းသားလေး အိပ်နေတာလား"

"ဟုတ်တယ် ပြန်လာတာမြန်လိုက်တာ အဆင်ပြေခဲ့လား"

"ပြေပါတယ်....
ရဲစခန်းမှာတော့လူပျောက်တိုင်ထားတာ လာရှာတာမရှိဘူးတဲ့
ဒါပေမဲ့ သေချာတော့ သတင်းပေးခဲ့တယ်"

"အဆင်ပြေသွားမှာပါ"

ချန်းယောလ် ခေါင်းကိုသာငြိမ့်လိုက်ရင်း ဝယ်လာသည့် ပစ္စည်းများကို အိမ်ထဲသို့သယ်ခဲ့သည်။

Red String of FATETahanan ng mga kuwento. Tumuklas ngayon