"ခုနကပြောတော့ မင်ချောဆို
မင်ချောက မင်ချောပဲပေါ့
မင်ချော လိုက်လိုက်မလိုက်လိုက် သွားမယ်"
ဘောက်ဆတ်ဘောက်ဆတ်နဲ့ အပြင်ထွက်သွားတဲ့ မင်းသားလေးနောက် မင်ချောက ပြေးလိုက်ရပြန်သည်။ ဦးလေးဂျွန်မရှိတုန်း အစ်ကိုချန်းယောလ်မရှိတုန်း တစ်ခုခုထိခိုက်သွားရင် သူ့တာဝန်မကင်း။ ဒါကြောင့် ဒီရက်ပိုင်း အစ်ကိုချန်းယောလ်က စိုက်ပျိုးခြံကနေ စောစောပြန်နေတာကို။ ဒီကောင်လေး အတိတ်မေ့နေတယ်ဆိုတာ သိပေမဲ့ ဒီလို ကလေးဆိုးလေး ဖြစ်နေမှန်းတော့ သူမသိခဲ့။
"မင်ချော...ကြက်ပေါက်လေးတွေ"
အိမ်အောက်ကိုဆင်းတဲ့လှေကားနားမှာထိုင်ပြီး အဝါရောင် ကြက်ပေါက်လေးတွေကို လက်ညှိုးတထိုးထိုးနဲ့ သဘောကျနေပြန်သည်။ ဒီလိုကျတော့လည်း အရမ်းဆိုးတဲ့ပုံတော့မပေါ်ပါဘူး။
"မင်ချော ကြက်လေးတွေက ဘာလို့ လှေကားပေါ်ခုန်တက်နေတာလဲ"
"သူတို့က ခြေထောက်တိုလို့လေ
ဒီတိုင်းလှမ်းမတက်နိုင်လို့ ခုန်တက်တာပေါ့"
"ကျွန်တော်လည်း မတက်နိုင်ရင် ခုန်ရမှာပေါ့
ဒီလို ဒီလိုလေး..."
ကြက်လေးလို ခုန်ဆွခုန်ဆွလုပ်ပြတာကို ကြည့်ပြီးရယ်နေတုန်းမှာပဲ ဝုန်း ခနဲ အသံနဲ့အတူ...
"မင်ချောရေ အီး...ပြုတ်ကျသွားပြီ
နာတယ် ခြေထောက်နာတယ်"
လှေကားနား ကပ်ပြီးခုန်နေတာကို သတိပေးဖို့ တစ်ချက်လွတ်သွားတာနဲ့ ချက်ချင်းပြုတ်ကျသွားတော့တာပဲ။ ခေါင်းနားပန်းကြီးသွားတဲ့ မင်ချောက အိမ်အောက်ကို အမြန်ခုန်ဆင်းပြီး မင်းသားလေးကို သွားထူရသည်။ မတော်တဆ ကျိုးပဲ့သွားမှဖြင့် သူအလုပ်ဖြုတ်ခံနေရဦးမည်။ ကြက်ပေါက်လေးတွေကတော့ ဝုန်းခနဲပြုတ်ကျလာသူကြောင့် မြေပြိုပြီအထင်နှင့် ထွက်ပြေးသွားကြသည်ထင်၏။ တစ်ကောင်မှကို မရှိတော့။
"ဘာလို့ လှေကားနားမှာ ကပ်ခုန်လိုက်တာလဲ
အခုပြုတ်ကျပြီမလား အစ်ကိုချန်းယောလ် ပြန်လာရင် အဆူခံရတော့မယ်"
"ဟင် မင်ချော
ကယ်တင်ရှင်က ကျွန်တော့်ကို မုန့်မကျွေးတော့ရင် ဘယ်လိုလုပ်မလဲ"
KAMU SEDANG MEMBACA
Red String of FATE
Fiksi PenggemarRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 4
Mulai dari awal
