"ကျွန်တော်က ဒီမှာအိပ်တာလေ"

"အဲ့ဒါ ချန်းယောလ် အိပ်ယာလေ
မင်းရောက်လာတော့ သူခုံပေါ်မှာအိပ်ရတာ ညောင်းလို့တဲ့"

ဦးလေးဂျွန်ရဲ့စကားအဆုံးမှာ ကောင်လေးက တစ်ခုခုကို စဉ်းစားသလိုနဲ့ မျက်လုံးလေးတွေ ဝိုင်းသွားသည်။

"ဒီလိုမှန်းသိ ကယ်တင်ရှင်ကို ကျွန်တော်နဲ့တူတူ ပေးအိပ်လိုက်ပါတယ်"

"ကုတင်က ကျဉ်းကျဉ်းလေးကို ဘယ်ဆန့်ပါ့မလဲ
အခုအဆင်ပြေသွားပြီလေ"

"ဟုတ်သားပဲ ဟီး"

ဦးလေးဂျွန်က ကောင်လေးရဲ့ ဆံပင်လေးတွေကို ဆွဲဖွတော့ ခေါင်းလေးငုံ့ပြီး ငြိမ်နေသည်။ ကောင်လေးသတိရလာပြီးတာကြာပေမဲ့ မင်ချောက အခုမှ ကောင်လေးနဲ့တွေ့ဖူးတာဖြစ်သည်။ တကယ်ကို ကလေးလေးပဲ။ ကမ်းစပ်ကို ဘယ်လိုများရောက်လာပါလိမ့်။

"မင်ချော....မင်းသားလေးကို ခဏစောင့်ပေးမလား
ဦးလေး အိမ်ခဏပြန်ချင်လို့"

"ဟုတ်ရတယ်လေ ကျွန်တော် ဒီနေ့အားတယ်
အမျိုးသမီးနဲ့ကလေးက သူ့မိဘအိမ်ခဏပြန်သွားလို့"

"ဒါဆို စိတ်ချမယ်နော်"

ဦးလေးဂျွန်ထွက်သွားပြီးတာနဲ့ ကောင်လေးကို စကားပြောဖို့ကြည့်လိုက်တော့ ကုတင်အသစ်ပေါ် ခေါင်းအုံးလေးတင်ပြီး ပက်လက်အိပ်လိုက် ဘေးစောင်းအိပ်လိုက်နဲ့ နေရာမကျနိုင်ဖြစ်နေသည်။

"ကောင်လေး မင်းနာမည်က ဘာလဲ"

"မင်းသားလေး..."

"မဟုတ်ဘူးလေ နာမည်ကိုပြောတာ
ငါ့နာမည်ဆို မင်ချော...မင်းမှာအဲ့လိုနာမည်ရှိရမယ်လေ"

"မသိဘူး မင်းသားလေးပဲ
မင်ချော...ကုတင်က ကောင်းပေမဲ့ အခုအိပ်ချိန်မဟုတ်သေးတော့ မအိပ်သေးဘူး
ကျွန်တော်ပျင်းတယ် အိမ်ပြင်ခဏထွက်ကြည့်မယ်လေ မင်ချောက လိုက်ခဲ့ပေး"

ကောင်လေးက သူ့ကို မင်ချော မင်ချောနဲ့ နာမည်ကိုင်ခေါ်နေသောကြောင့် သူအောင့်သက်သက်နှင့် ချောင်းဟန့်လိုက်သည်။

"လိုက်ပေးတာကရပါတယ်
ငါ့ကို မင်ချောလို့ခေါ်လို့မရဘူးလေ
အစ်ကိုမင်ချောလို့ခေါ်မှပေါ့ ငါက မင်းထက် အသက်ကြီးတယ်"

Red String of FATEWhere stories live. Discover now