"အင်း လုပ်စရာရှိတာကိုသာ စိတ်ဖြောင့်ဖြောင့်သွားလုပ်ပါ
ဒီကိုမပူနဲ့ ဦးလေးနဲ့ မင်းသားလေးကလည်း အခု အဆင်ပြေနေပြီ"

"အင်း သွားပြီ"

"မြန်မြန်ပြန်လာနော် ကယ်တင်ရှင်ရေ..."

ကုတင်ခေါင်းရင်း ပြတင်းပေါက်ကနေ လှမ်းကြည့်ကာ လက်ပြရင်း အော်နေတဲ့ကောင်လေးကို ခေါင်းငြိမ့်ပြပြီး သူ ကားမောင်းထွက်ခဲ့သည်။ ငယ်ကတည်းက မောင်နှမလည်းမရှိ၊ မိဘတွေကလည်း စောစောဆုံးသွားတော့ အထီးကျန်နေခဲ့သည့် ချန်းယောလ်ကကလေးလေးလို ဖြစ်နေတဲ့ကောင်လေးကို လိုက်ထိန်းရတာ ပင်ပန်းပေမဲ့ သဘောကျလို့နေသည်။ တစ်ချက် တစ်ချက် တအား ဂျစ်ကျတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်လေးတွေဆို ချစ်စရာကောင်းသည်။

ချန်းယောလ်ရဲ့ကုတင်က တစ်ယောက်အိပ်မို့ ကောင်လေးကိုသာ အိပ်စေပြီး ကိုယ်တိုင်က ခုံတန်းမှာပဲ တစ်ပတ်လောက်အိပ်ရတော့ အဆင်မပြေဖြစ်လာသည်။ ထို့ကြောင့် ကောင်လေးအတွက် နောက်ထပ် ကုတင်တစ်လုံး ထပ်တိုးရန် မင်ချောကိုမှာထားပြီး အိပ်ယာအသစ်လည်း ပြင်ပေးရဦးမည်။ဘယ်အချိန်မှာ ကောင်လေးသူ့ဆီက ထွက်သွားမယ်မှန်းမသိပေမဲ့ ရှိနေတဲ့ခဏလေးမှာတော့ သူတတ်နိုင်သလောက်ပြည့်စုံအောင် ထားပေးချင်ပါသေးသည်။

💓

"ဦးလေး ဂျွန်ရေ...
ဒီကိုလာကူပါဦးဗျ
ကုတင်ကိုအပေါ်တင်ဖို့"

မင်ချောက ကားပေါ်က ကုတင်ကို ချန်းယောလ်တို့အိမ်ပေါ်တင်ပေးရန် ဦးလေးဂျွန်ကို အကူအညီလှမ်းတောင်းသည်။ ဦးလေးဂျွန်က အိမ်ထဲကထွက်လာတော့ သူ့နောက်ကနေ ချန်းယောလ်ကယ်ထားတဲ့ကောင်လေးက ကပ်လိုက်လာသည်။

"ဦးလေး အဲ့ဒါဘာလဲ"

"ကုတင်လေကွာ မင်းအတွက်တဲ့ ချန်းယောလ်မှာပေးထားတာ
မင်ချော....အခန်းထဲတန်းပြီးနေရာချပေးခဲ့ပါဦး"

"ဟင် အဲ့ဒါကြီးမလိုချင်ပါဘူး စားလို့လဲမရဘဲနဲ့"

အိပ်ခန်းထဲနေရာချပြီးသွားတဲ့ ကုတင်ကို လှမ်းကြည့်ပြီး ကောင်လေးက သဘောမကျသလိုဆိုသည်။

"မဟုတ်ပါဘူး မင်းသားလေးရာ
ချန်းယောလ်ကမင်းကို မုန့်ဝယ်လာပေးမှာပါ
ဒါက မင်းအိပ်ဖို့သပ်သပ်လုပ်ပေးတာ"

Red String of FATEWhere stories live. Discover now