" Happy birthday to you.
Happy birthday to you.
Happy birthday dear hoseok.
Happy birthday to you...."

"မွေးနေ့မှာပျော်ရွှင်ပါစေ ဟိုဆော့ရေ!"

"ဝိုးးး မွေးနေ့ပွဲအတွက်ဂုဏ်ပြုပါတယ်
ကိုယ့်ဂဏန်းသေးသေးလေးရေ!!"

ဆုတောင်းတွေကြား လက်နှစ်ဖက်ကို ပူးကပ်ကာဆုတောင်းလိုက်သည်။ ဆုတောင်းနေသည့်အချိန်လူပ်ရွနေသည့်နူတ်ခမ်းပါးလေးတွေကိုကြည့်ပြီးနမ်ဂျွန်းသည် လောကကြီးကိုခပ်မေ့မေ့။

ဆရာ၀န်ကြီး တံတောင်နဲ့တွက်မှ သတိပြန်ကပ်ကာအရှက်ပြေဂုတ်ကိုပွတ်ရတော့သည်။

"ကိတ်ခွဲမယ်နော်...."

"မြန်မြန်ခွဲ ကျွန်တော် ဆာလှပြီ"

ဆရာ၀န်ကြီးစကားကြောင့် ဟိုဆော့လည်းခပ်မြန်မြန်လေးခွဲလိုက်သည်။ တစ်ပန်းကန်စီထည့်ပေးပြီးတဲ့နောက် ဇွန်းလေးနဲ့ဖဲ့ကာ နမ်ဂျွန်းတစ်လှည့်၊ ဆရာ၀န်ကြီးတစ်လှည့်ခွံ့ကျွေးလိုက်သည်။

"‌ဆာနေလို့ထင်တယ် ကောင်းလိုက်တာ။
ဟိုဆော့ပြန်ရင် ကျွန်တော့်အတွက်
နည်းနည်းထားခဲ့ပေးပါအုံးနော်"

"ထားခဲ့မှာပေါ့ "

"ဟီးဟီး ကျေးဇူးတင်ပါတယ်"

ဆရာ၀န်ကြီးသည် ထိုအတွဲနားမနေတော့ဘဲ
ကိတ်မုန့်ပန်းကန်ကိုယူကာ ကြိမ်ကုလားထိုင်ရှိရာသို့လျှောက်လာခဲ့သည်။ ခုံပေါ်၌ ဆောင့်ကြောင့်ထိုင်၍ကိတ်မုန့်ကိုဇွန်းဖြင့်ဖဲ့စားနေသည်မှာ အားရပါးရ။ဘာပဲစားစား အရသာရှိရင် ရှုံ့မဲ့သွားသောမျက်နှာလေးသည် ဆရာ၀န်ကြီးရဲ့ချွင်းချက်ကလေးပင်။

"နမ်ဂျွန်း...ကျွန်တော့်ကို ထည့်ပေးပါအုံး"

ခဏလေးနဲ့ပြောင်သွားတဲ့ ပန်းကန်ကို
နမ်ဂျွန်းအားထောင်ပြလိုက်တော့ နမ်ဂျွန်းက ကိတ်မုန့်ကိုထက်ခွဲကာ အနားကိုလာထည့်ပေးသွားသည်။ ထို့နောက်ကိတ်မုန့်ကို ဇွန်းဖြင့်ဖဲ့ရတာ အားမရတော့။ လက်ဖြင့်ဖဲ့ကာ စားလေ၏။

"ဆရာ၀န်ကြီး ဖြေးဖြေး"

"ဗိုက်ဆာနေလို့ပါဗျာ "

ခရင်မ်အချို့ပေကပ်နေတဲ့ နူတ်ခမ်းပါးကိုလည်းမသုတ်နိုင်။ ဆရာ၀န်ကြီးသည် ရုပ်ပျက်ဆင်းပျက်ကြိမ်ကုလားထိုင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာစားနေသည်။ အရသာရှိလွန်းလို့ ရှုံ့မဲ့သွားတဲ့မျက်နှာလေးသည် ဒီနေ့အဖို့ အသက်ကလေးပင်။

ဦးဂျွန် ( Kookjin )Where stories live. Discover now