" ဒါပေမယ့် သခင်ငယ်လေးက အိမ်ရှေ့စံမင်းသမီးကို အရမ်းတွေစွဲလန်းနေခဲ့တာ​လေ ။ အဲ့တာကြောင့် နန်းတော်ထဲကို လူကြုံနဲ့ ချစ်ကဗျာတွေပေးလိုက် သူမအပြင်ထွက်ချိန်ကို သိရဖို့ ငွေစတွေဖြုန်း မရမက ချစ်ကြိုက်စကားတွေပြောလိုက်နဲ့ပိုးပန်းခဲ့ပေမယ့် သူမဖက်ကတော့ အခေါက်ပေါင်းမနည်း ငြင်းလွှတ်ခဲ့ပါတယ် ။ ဒါတောင်မှ လက်မလျှော့ဘဲ သခင်မကြီးကို တင်တောင်းဖို့ တောင်းဆိုခဲ့ပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး​ သခင်မကြီးက ငြင်းခဲ့တယ်​လေ ။ သခင်ငယ်လေးကလည်း ဇွဲမလျော့ခဲ့ပါဘူး ။ ဒါပေမယ့် အဲ့နေ့ကတော့ အိမ်ရှေ့စံမင်းသမီးက နောက်ထပ်မနှောင့်ယှက်တော့ဖို့ သခင်ငယ်လေးကို ပါးရိုက်ပြီး ဆုံးမခဲ့တယ်လေ "

နည်းသေးတယ် ။

ငါသာဆို မိဘမျက်နှာငယ်အောင်လုပ်တဲ့ ဒီကောင်ကို ​သေအောင်ရိုက်သတ်မိမှာ ။

ကျစ် ။

ငါ့ရုပ်နဲ့လူကို ကျိန်ဆဲရတာ မကောင်းဘူးကွ !

ဂန်းလေးက မပြီးသေးဘဲ ဆက်ပြောလာသည် ။

" အဲ့တာနဲ့ သခင်ငယ်လေးက စိတ်ညစ်ပြီး သေရည်တွေသောက် ။ ပြီးတော့ လူအလစ်မှာ ခြံနောက်ဘက်က သစ်ပင်ကြီးမှာ ကြိုးဆွဲချဖို့ ကြိုးစားတယ်လေ ။ ကျွန်တော်တို့ရောက်လာတော့ သခင်ငယ်လေးက ကြိုးတန်းလန်းနဲ့ယက်ကန်ယက်ကန်ဖြစ်ပြီး ရုန်းနေတာ ။ ကျွန်တော်တို့အနားမရောက်ခင်မှာပဲ ကြိုးချီထားတဲ့သစ်ကိုင်းက ကျိုးပြီး သခင်ငယ်လေးခေါင်းပေါ်ကို ပြုတ်ကျပြီး တစ်ခါတည်း မေ့သွားတော့တာပဲ ။ အဲ့သစ်ပင်က သေနေတာကြာပြီလေ ။ သစ်ကိုင်းတွေက ဆွေးနေလို့ သူ့အလိုလိုတောင် ကျိုးကျနေတာ ။ "

ဂန်းလေးမှာ ပြောရင်း ထိုနေ့က သခင်ငယ်လေး၏ ပုံစံကို ပြန်မြင်ယောင်မိသွားရသည် ။

အဲ့နေ့က သခင်ငယ်လေးက မူးပြီး ခုံချော်ကျ လို့ ကြိုးတင်းမိသွားပုံရတယ် ။

မဟုတ်ရင် ဘာလို့ ယက်ကန် ယက်ကန် နဲ့ ရုန်းနေမှာလဲ ။

တည်ငြိမ်နေသည့်သခင်ငယ်လေးကို ဂန်းလေး သတိထား စိုက်ကြည့်နေမိသည် ။

IN THE DARKNESSWhere stories live. Discover now