"ငါစားလို့ရပြီလား"
စားပွဲပေါ်မှာတင်ထားတဲ့ စပျစ်ခိုင်တွေကိုကြည့်ပြီး ကောင်လေး မျက်လုံးတွေက တလက်လက်နှင့်။
"စားလို့တော့ရပြီ ဒါပေမဲ့ မင်းအပြောအဆိုတွေ ပြောင်းရမယ်ကောင်လေး
မင်းက ငါတို့ထက်ငယ်တယ် မင်းကိုယ်မင်း ငါလို့ မသုံးရဘူး
ကျွန်တော်လို့ သုံးရမယ်နော်"
"အွန်း...ပေးတော့ စားချင်နေပြီ"
"သေချာပြောလေ"
"ကျွန်တော် စားချင်နေပြီမို့လို့ ပေးပါတော့ ကယ်တင်ရှင်ရေ"
လက်လေးနှစ်ဖက်ကို ဖြန့်ပြီး အရမ်းကို တရိုသေပုံစံလုပ်ပြနေပေမဲ့ အသံကတော့ ခပ်ရွဲ့ရွဲ့အသံ။ တကယ်ကို မလွယ်ကြောလေး ဖြစ်ပုံရသည်။
"တစ်ဝက်ပဲစားဦး ချောင်းဆိုးမယ်"
"အရမ်းချိုတာပဲနော် ငါ...အဲ...ကျွန်တော် လိမ္မာရင် ဒါမျိုး အမြဲစားရမှာလားဟင်"
"အင်းပေါ့ ငါ့ဆီမှာ တစ်ခြံလုံးရှိတယ်
မင်းလိမ္မာရင် အများကြီးယူလာပေးမယ်"
"ဟင့်အင်း ယူမလာပါနဲ့
ကျွန်တော်လိုက်လာပြီး တစ်ခြံလုံးကို စားပစ်လိုက်မယ်"
သူ့စကားကိုကြားပြီး ဦးလေးဂျွန်က တဟားဟားအော်ရယ်နေပေမဲ့ ချန်းယောလ်ကတော့ မရယ်နိုင်ပါ။ ဘယ်လို ဝက်ကလေးကို သူကယ်လာမိတာလဲ။ သူ့အိမ်သူ ပြန်ရောက်မသွားမချင်း ချန်းယောလ် ခြံထဲက အသီးတွေကတော့ အန္တရာယ်များနေပြီဖြစ်သည်။
💓
ဝက်ကလေးကို ကယ်ချင်တဲ့သူများရှိသေးလား 🤭
Daily Update 💓
(Zawgyi)
ချန်းယောလ် မနက်စောစောနိုးလာတော့ အိပ်ယာပေါ်မှာ အိပ်နေသည့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။ အပူအပင်မရှိအိပ်နေတာများ သူ့အိမ်သူ့ယာရောက်နေသလိုပင်။ ညတုန်းက သူ့အကြောင်းကို အတင်းမမေးဖို့ ဦးလေးဂျွန် တားနေသောကြောင့် ဆက်မမေးဖြစ်တော့။ ကောင်လေးကလည်း ဆေးအရှိန်ကြောင့် ခုံပေါ်မှာပင်အိပ်ပျော်သွားသဖြင့် အိပ်ယာပေါ် ပွေ့ချီတင်ပေးရသေးသည်။ ဦးလေးဂျွန်ပြောသလို သတိရရချင်းမို့ သူ့ကိုယ်သူ သေချာမမှတ်မိသေးတာဖြစ်နိုင်ပါသည်။ တစ်ရက်နှစ်ရက်လောက် ထပ်စောင့်ကြည့်ပြီး မေးရင်တော့ သူ့ကိုယ်သူ မှတ်မိသွားနိုင်ကောင်းပါရဲ့။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 3
Start from the beginning
