"ရေမချိုးလို့ဘယ်ရမလဲ မင်းနေကောင်းနေပြီလေ ရေချိုးရမှာပေါ့"

"ဟင့်အင်း အေးပါတယ်ဆို"

ချန်းယောလ်ကိုပြောပြီး ကျောခိုင်းလိုက်တဲ့ကောင်လေးက သူ့လက်ထဲက စပျစ်သီးခြင်းကို မြင်တာနဲ့ မျက်လုံးလေးတွေ တောက်လာသည်။

"အဲ့ဒါစားလို့ရတယ်မလား စားချင်တယ်"

"စားချင်ရင် ရေသွားချိုး"

"ရေချိုးရင် အကုန်ကျွေးမှာလား"

"အင်း အကုန်ကျွေးမယ် သွားချိုးတော့"

ချက်ချင်းပဲရေချိုးခန်းထဲ လှစ်ခနဲပြေးဝင်သွားတဲ့ကောင်လေးကို ကြည့်ပြီး သူခေါင်းသာယမ်းလိုက်မိတော့သည်။ စိတ်လည်း သိပ်မှန်ပုံမပေါ်ဘူး။ ခေါင်းထိပြီးပဲ ဖြစ်သွားတာလားမပြောတတ်။

"တစ်နေကုန် အဆင်ပြေရဲ့လား ဦးလေး"

"ထမင်းစားတဲ့တစ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်မှာ အငြိမ်ကို မနေပါဘူးကွာ"

"နာမည်ရော မေးလို့ရလား"

"ဘာမေးမေး မသိဘူးပဲပြောနေတယ်
သူတကယ်ကို အတိတ်မေ့နေတာထင်တယ်"

"အဲ့ဒါမှ ဒုက္ခပါပဲ
နာမည်တောင် မသိတော့ ဘယ်လိုအခေါ်အပြောလုပ်မလဲ
ရဲစခန်းကို အကြောင်းကြားရင်တောင် နာမည်မသိတော့ ခက်လိုက်တာ"

"ငါ့မှာ နာမည်ရှိသားပဲ
နာမည်က မင်းသားလေးတဲ့ မှတ်ထားနော်"

ချန်းယောလ် အသစ်ထုတ်ပေးထားတဲ့ တီရှပ်နဲ့ ချည်ဘောင်းဘီကို ဝတ်လာတာတော့ ပုံကျ ပန်းကျပဲဖြစ်သည်။ အဝတ်လဲတာ ကိုယ်လက်သန့်စင်တာလောက်တော့ ကိုယ်တိုင် လုပ်တတ်နေလို့ တော်သေးသည်။

"ဘယ်ကနေ မင်းသားလေး ဖြစ်သွားရပြန်တာလဲ"

"သူ့ကို ဘယ်ကနေ တွေ့တာလဲမေးလို့ ပင်လယ်ကတွေ့တဲ့အကြောင်းပြောရင်း ပင်လယ်ပုံပြင်နည်းနည်းပြောပြမိတာ
အဲ့ဒါကနေ သူ့ကိုယ်သူ ပင်လယ်ထဲကမင်းသားလေးဆိုပြီး လုပ်နေတော့တာပဲ"

"ဦးလေးဂျွန်က အရူးဘုံမြောက်လုပ်လိုက်ပြန်ပြီ
ထားပါတော့ သူ့နာမည်လည်း မသိတဲ့အတူတူ မင်းသားလေးလို့ပဲခေါ်ပေါ့"

Red String of FATEWhere stories live. Discover now