"ချန်းယောလ် ဘယ်လဲ..."

"ဆေးပေးခန်းမှာ ဆေးဝင်ယူပြီး မြို့ပေါ်ခဏသွားဖို့ ဘာမှာဦးမလဲ"

"မြို့ပေါ်သွားလို့မရသေးဘူး ချန်းယောလ်ရ
သစ်ပင်လဲနေတာကို ဖယ်လိုက်တာ လမ်းက တော်တော်ချိုင့်သွားတယ်လို့ပြောတယ်
တစ်မနက်လုံး ဒီကိစ္စကို မြန်မြန်ဖြေရှင်းဖို့ လိုက်လုပ်နေရတာ
မင်းသိတဲ့အတိုင်း ဆက်သွယ်ရေးတိုင်တွေကလည်း ပြန်မကောင်းသေးတော့လေ အဆင်မပြေလိုက်တာ"

"အုပ်ချုပ်ရေးမှူးနဲ့သာမတွေ့ရင် ကျွန်တော် လမ်းပိတ်တဲ့နားထိ သွားမိနေမှာ
ကျေးဇူးပါပဲ...ဟို ကောင်လေးကတော့ သတိရနေပါပြီ
ဒါပေမဲ့ သူ့ကိုယ်သူတော့ ကောင်းကောင်းမှတ်မိပုံမရဘူး"

"သေချာ နေမကောင်းသေးလို့လည်း ဖြစ်နိုင်ပါတယ်
တစ်ရက်တော့အချိန်ယူပြီးလာကြည့်ဦးမယ်
သတင်းပို့ဖို့လည်းမပူနဲ့ အဆက်အသွယ်တွေ ပြန်ကောင်းတာနဲ့ ငါလုပ်ပေးပါ့မယ်"

"ဒါဆို ကျွန်တော်သွားတော့မယ်နော်"

အုပ်ချုပ်ရေးမှူးကို နှုတ်ဆက်ပြီးတာနဲ့ ဆေးပေးခန်းမှာ ဆေးဝင်ယူပြီး အိမ်ကို ပြန်လာခဲ့သည်။ မြို့ကို သွားချိန် ပြန်ချိန်နဲ့တွက်ပြီး မွန်းလွဲတာနဲ့ထွက်လာခဲ့မိသောကြောင့် အိမ်ပြန်ချိန်က နေပင်မစောင်းသေး။ သူ ကားကိုရပ်လိုက်ပြီး သစ်သားလှေကားထစ်လေးပေါ် စတက်တာနဲ့ ဦးလေးဂျွန်ရဲ့ အော်သံနဲ့ ကောင်လေးရဲ့အော်သံကိုတစ်ပြိုင်တည်းကြားလိုက်ရသည်။

"ဟင့်အင်း ရေမချိုးဘူးလို့"

"မချိုးရင် နေရတာ ဘယ်လန်းပါ့မလဲ ခဏပဲချိုးပြီးထွက်ခဲ့လေ"

"အေးတယ်လို့ အေးပါတယ်ဆိုနေ"

"ဦးလေး..."

အိမ်ထဲမှာ ပြေးသူကပြေး လိုက်သူက လိုက်နဲ့ ရှုပ်နေတဲ့နှစ်ယောက်က ချန်းယောလ်အသံကြားမှ ရပ်သွားသည်။ ကောင်လေးက သူဝတ်ပေးထားတဲ့ ရှပ်အကြီးကြီးနဲ့ ဘီရိုထောင့်မှာ ကပ်နေရာကနေ ချန်းယောလ်နောက်ကို လှစ်ခနဲပြေးဝင်လာသည်။

"ကယ်တင်ရှင်‌ရေ ငါရေမချိုးချင်ဘူးလေ
သူက အတင်းချိုးခိုင်းနေတယ်"

Red String of FATEWhere stories live. Discover now