ဦးလေးဂျွန်ကို မှာစရာရှိတာ မှာခဲ့ပြီး ချန်းယောလ် ဂျစ်ကားလေးနှင့် စိုက်ပျိုးခြံများရှိရာဆီသို့ ထွက်ခဲ့သည်။ ဒီနေ့များ လမ်းပန်းသာခဲ့ရင် မြို့ကိုသွားပြီး ကောင်လေးရှိနေတဲ့အကြောင်း အကြောင်းကြားရဦးမည်။
💓
"ခြံဦးစီး ဒီမှာ စပျစ်သီးတွေမြည်းကြည့်ပါဦး ဒီနှစ် ပိုချိုသလိုပဲ"
ခြံထဲမှ လုပ်သားတစ်ဦးယူလာပေးသော စပျစ်ခိုင်ကို သစ်သားအိမ်လေးထဲရှိ ဘေစင်မှာ သေချာရေဆေးပြီးမှ မြည်းကြည့်လိုက်သည်။ အရင်နှစ်ထက် အရသာပိုကောင်းပြီး သဘာဝအတိုင်း ချိုမြနေတာမို့ ဈေးကွက်မှာ ကြိုက်ဈေးခေါ်လို့ရနိုင်သည်။ အရောင်ရော အလုံးရော လှနေတာမို့ ဒီနှစ်ထွက်သည့် စပျစ်သီးတွေကိုတော့ ချန်းယောလ် အတော်လေး သဘောကျသွားသည်။
နောက်ထပ်တစ်လုံး ထပ်မြည်းကြည့်ရင်းကနေ မျက်လုံးထဲမြင်ယောင်လာတာက အစားမက်တဲ့ ကောင်လေးကို ဖြစ်သည်။ သူဆိုလည်း ဒီအသီးတွေကို သဘောကျမှာပဲ။ နေကောင်းကာစဆိုတော့ အသီးအနှံတွေလည်း စားပေးသင့်တယ်မဟုတ်လား။
"ဒါမျိုး နှစ်ခိုင်လောက် ခူးလာပေးပါဦး
အိမ်ယူသွားမလို့ ကျန်တာတွေထဲကနေ အခိုင်လှတာတွေကို ဈေးကွက်တင်ဖို့ မင်ချောကို ပြင်ခိုင်းလိုက်နော်"
"ဟုတ်..."
ချန်းယောလ် အလုပ်နည်းနည်းဆက်လုပ်ပြီးတာနဲ့ မြို့ဘက်ကို သွားရန် ထွက်လာခဲ့သည်။
သူ့ဂျစ်ကားလေးရဲ့ အလုံကာရံထားတဲ့နောက်ခန်းမှာတော့ စပျစ်ခိုင်ခြင်းလေး ပါလာခဲ့သည်။
သူက တစ်ယောက်တည်းနေတဲ့သူမို့ ဒီလိုမျိုး အိမ်ကို အသီးအနှံတွေ သယ်လာလေ့သိပ်မရှိ။ ဦးလေးဂျွန်ကိုပေးချင်ရင်တောင် ခြံထဲကို ဦးလေး လိုက်လာချိန် ပေးဖြစ်တာမျိုးသာရှိဖူးသည်။
မြို့ကြီးဘက်မသွားခင် ဆေးပေးခန်းမှာ ကောင်လေးအတွက် ဆေးဝင်ယူဖို့ ကားကိုကွေ့လိုက်စဉ် ဆေးပေးခန်းမရောက်မီရှိနေသော အုပ်ချုပ်ရေးမှူးအိမ်ကနေ အုပ်ချုပ်ရေးမှူးက သူ့ကို လှမ်းခေါ်သောကြောင့် ကားကိုဘေးကပ်ရပ်လိုက်သည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 3
Start from the beginning
