"စားချင်တယ်လို့..."

"မျက်နှာသစ်ပြီးမှ စားရမယ်လေ
လာ ငါလိုက်ပို့မယ်"

ကောင်လေးရဲ့လက်ကိုဆွဲပြီး ရေချိုးခန်းဘက်ခေါ်သွားတော့ စားပွဲပေါ်က ခေါက်ဆွဲပြုတ်ကို စိတ်မချသလို လှည့်ကြည့်လှည့်ကြည့် လုပ်ပြီးမှ လိုက်လာသည်။ ဘေစင်ကိုဖွင့်ကာ ရေတစ်ခွက်ထည့်ပေးပြီးနောက် သွားတိုက်တံပေါ် သွားတိုက်ဆေး ထည့်ပေးလိုက်သည်။

"မင်း သွားတော့ တိုက်တတ်တယ်မလား"

"အင်း"

"သေချာ သန့်အောင် တိုက်လိုက်နော်
ပြီးရင် မျက်နှာသစ်ပြီး လာခဲ့"

မျက်နှာသုတ်ပုဝါအသေးတစ်ထည်ကို ကောင်လေး ပခုံးပေါ်တင်ပေးပြီး ချန်းယောလ် ရေချိုးခန်းထဲကထွက်ခဲ့သည်။ မီးဖိုခန်းထဲမှာ ခေါက်ဆွဲနှစ်ပန်းကန် ပြင်ဆင်ပြီးချိန်မှာပဲ ကောင်လေး ပြန်ရောက်လာသည်။

"အခုစားလို့ရပြီလား"

"အင်း ဖြေးဖြေးစား"

ကပိုကယိုဖြစ်နေတဲ့ အင်္ကျီလက်တွေကို လုံးတင်ပေးလိုက်ပြီးတာနဲ့ ကောင်လေးက ခေါက်ဆွဲကို အားရပါးရ စားနေတော့သည်။
မေ့မြောနေတဲ့နေ့တွေမှာ အစားမစားခဲ့ရလို့လား၊ အရင်ကတည်းကကောင်းကောင်းမစားခဲ့ရလို့လား။ ဒီကောင်လေးက အစားတော်တော်မက်ပုံရသည်။

"ချန်းယောလ် မနက်စာစားနေပြီလား
ကောင်လေးလည်း နိုးနေပြီပဲ"

"ဟုတ်တယ် ဦးလေး
သူနေကောင်းနေပါပြီ အစားလည်းသေချာဝင်တယ်"

ပန်းကန်လုံးကို ကိုင်ပြီး ဟင်းရည်အကုန်မော့သောက်ပြီးသွားတဲ့ကောင်လေးက ဦးလေးဂျွန်ကို မျက်လုံးအပြူးသားလေးနဲ့ ကြည့်နေသည်။

"နေ့ခင်းပိုင်းတွေတော့ သူ့ကို ဦးလေးပဲ စောင့်ရှောက်ပေးပါလား
ကျွန်တော်က ခြံထဲမသွားလို့လည်း မရဘူးလေ
သူ့ကိုခေါ်သွားဖို့ကလည်း အဆင်မပြေသေးလို့"

"ရပါတယ် စိတ်ချပြီးသွား"

"ဒါဆို ကျွန်တော် သွားတော့မယ်နော်
ညနေတော့ အရင်ထက် စောစောပြန်ခဲ့ပါမယ်
ပြီးတော့ ဦးလေး အခြေအနေကြည့်ပြီး သူ့အကြောင်းလေး မေးထားပါဦး"

Red String of FATEWhere stories live. Discover now