"ငါက မင်းကို ရေစပ်ကနေ ကယ်လာတဲ့သူပေါ့"

"ဒါဆို ကယ်တင်ရှင်ပေါ့...
ဒီမှာ ကယ်တင်ရှင်...ငါကရော ဘယ်သူလဲ သိလား"

"ဟမ်..."

သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြီး မေးသောကြောင့် ချန်းယောလ်က ကြောင်အမ်းအမ်းနဲ့ဖြစ်သွားရသည်။ ဦးလေးဂျွန်ကတော့ ချန်းယောလ်ကို ဘာမှ ဆက်မမေးတော့ဖို့ မျက်ရိပ်ပြကာ မီးဖိုခန်းဘက်ကို ထွက်သွားသည်။

"မင်းက...နောက်မှ ပြောတာပေါ့ အခုခဏထိုင်နေဦးနော်"

ဒီရက်ပိုင်းတွေမှာ ချန်းယောလ် အိပ်တဲ့ ခုံတန်းရှည်ပေါ် ထိုင်ခိုင်းထားပြီး ဦးလေးဂျွန်နဲ့စကားပြောရန် မီးဖိုခန်းဘက်ထွက်ခဲ့တော့သည်။ စကားပြောတတ်နေလို့ စိတ်ပူတာလေးလျော့ရုံရှိသေးတယ် အခုသူက အတိတ်မေ့သွားတာများလား။ ခေါင်းမှာလည်း ထိခိုက်ထားတဲ့အရာလေး ပါလာတယ်ဆိုတော့ တကယ်ကြီး အတိတ်မေ့နေရင် သူ့နေရာသူ ပြန်ပို့ပေးဖို့ တော်တော်လေး အခက်အခဲဖြစ်နိုင်သည်။

"ငါတော့ ကယ်မိတာ မှားပြီထင်တယ်"

သူတိုးတိုးလေး ရေရွတ်မိကာ အိပ်ခန်းထဲ လည်ပြန် လှည့်ကြည့်လိုက်တော့ သူ့လက်ကနေ ရှည်ထွက်နေသည့် အင်္ကျီလက်ကို လေထဲမှာ လှည့်ကာဆော့နေသည့် ကောင်လေး။
တကယ်တမ်းလည်း ဒီကောင်လေးကို မကယ်ဘဲ ပစ်ထားရစ်ခဲ့နိုင်မည်မဟုတ်ပါ။

💓

Daily Update အဟီး 💓

(Zawgyi)

မနက် ၄ နာရီလောက်မှ လေရောမိုးပါ ငြိမ်သွားပြီး ရာသီဥတု ပုံမှန်ပြန်ဖြစ်သွားသည်။သူတို့မြို့မှာတော့ ဒီလို မုန်တိုင်းငယ်လေးတွေ ဝင်တာနဲ့ လေပြင်းကျတာတွေက ပုံမှန်ဖြစ်နေကျအရာတွေလို မထူးဆန်းလှ။ ဦးလေးဂျွန် သူ့အိမ်ဘက်ကို ပြန်သွားပြီးနောက် ချန်းယောလ်လည်း မျက်နှာသစ်ပြီး ခြေလက်သန့်စင်လိုက်သည်။

တစ်ညလုံး အဖျားတက်နေတဲ့သူက မနက်ပိုင်းရောက်တော့ အနည်းငယ် သက်သာသွားဟန်ရှိသည်။ သေချာလဲမပေးရသေးသော အဝတ်အစားများကို လဲပေးရန် ချန်းယောလ်ရဲ့ အဝတ်အချို့ကို ယူထုတ်လိုက်သည်။ သူနဲ့ အဲ့ဒီလူနဲ့က အရွယ်အစားတော်တော်ကွာတာပဲ။ သူ့အဝတ်တွေနဲ့ အရမ်းကြီးမတော်မတည့်ဖြစ်နေလောက်ပေမဲ့ သူ့မှာလည်း ဒီထက် ပိုသေးတာမရှိတော့။

Red String of FATEWo Geschichten leben. Entdecke jetzt