"မင်းကို ရေစပ်မှာတွေ့လို့ ငါတို့ခေါ်လာတာ
မင်းအခုရောက်နေတာ ငါ့အိမ်
အခုဘယ်လိုနေသေးလဲ နေလို့ကောင်းရဲ့လား"

ချန်းယောလ်က စကားပြောနေပေမဲ့ ကောင်လေးကတော့ အိမ်တစ်ခုလုံးကိုသာ မျက်လုံးဝေ့ကာ လိုက်ကြည့်နေသည်။ ဘာစကားမှ ပြန်မလာ။ ဦလေးဂျွန်နဲ့ ချန်းယောလ်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အကြပ်ရိုက်နေရသည်။ စကားရောပြောတတ်ရဲ့လား။ စကားမပြောတတ်ရင်တော့ ခက်ပြီ။

"ဒီမှာကောင်လေး မင်းစကားပြောတတ်လား"

"မင်း ငါတို့ပြောနေတာကို ကြားလား
နားရောလည်လား"

"ခဏလေးနေပါဦး စကားပြောတတ်လား စဉ်းစားဦးမယ် အခုဗိုက်ဆာတယ်"

တစ်အိမ်လုံးကို စပ်စုနေရာကနေ ရုတ်တရက်ကြီး ပြန်ဖြေလိုက်သည့်စကားကြောင့် ချန်းယောလ်မှာ "ဪ" တစ်လုံးတည်းသာ ရွတ်လိုက်နိုင်သည်။ ဦးလေးဂျွန်ကတော့ ဘာစကားမှတောင် ဆက်မပြောနိုင်တော့ပေ။

"အင်း ဗိုက်ဆာတယ်ဆို စွပ်ပြုတ်သောက်လိုက်နော်"

"အွန်း..."

ဦးလေးယူလာတဲ့ ကြက်သားစွပ်ပြုတ်ကို ပန်းကန်နဲ့ထည့်ပေးတော့လည်း နေကောင်းကာစလူက အားရပါးရ စားနေသေးသည်။
အကုန်ပြောင်အောင် စားပြီးတဲ့အထိ သူတို့နှစ်ယောက် ထိုင်ကြည့်နေရပြီး ရေသောက်ပြီးနောက် ကုတင်အောက်ကို ခြေထောက်ချကာ ထဖို့ပြင်လိုက်သောကြောင့် ထိန်းပေးရသေးသည်။

"ဒါကြီးက ကြီးတယ်
ဘယ်လိုဟာကြီးလဲ"

လက်ရော ခြေပါ ရှည်ထွက်နေသော အဝတ်များကိုလှုပ်ပြရင်းမေးသောကြောင့် ချန်းယောလ်ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။ သူ့အင်္ကျီတွေနဲ့ ဒီကောင်လေးက တကယ်ကိုမတော်မတရားတွေဖြစ်နေတာပဲ။

"မင်းအဝတ်တွေက ရေတအားစိုနေလို့လေ ငါ့အင်္ကျီဝတ်ပေးထားတာ
အခု စကားလည်းပြောနိုင်နေပြီဆိုတော့ ပြောပါဦး
မင်းဘယ်ကနေ ရေစပ်ကိုရောက်လာတာလဲ"

"သူက ဘယ်သူလဲ"

ချန်းယောလ်မေးတာကို မဖြေဘဲ မျက်နှာတည့်တည့်လက်ညှိုးကြီး ထိုးပြီး ပြန်မေးနေသောကြောင့် အောင့်သက်သက်နဲ့ သူ့ကိုယ်သူ မိတ်ဆက်ရသေးသည်။ ဒီကောင်လေးက စိတ်ရောမှန်ရဲ့လားမသိပါဘူး"

Red String of FATEDove le storie prendono vita. Scoprilo ora