ချန်းယောလ်လည်း တစ်ညလုံးဘာမှမစားရသေးသောကြောင့် မင်ချောယူလာပေးသည့် စွပ်ပြုတ်ချိုင့်ကို ဖွင့်ကာ ပန်းကန်ထဲလှယ်ထည့်ပြီး စားရန် ပြင်ဆင်လိုက်သည်။

"လမ်းတွေရော ဆက်သွယ်ရေးတိုင်တွေရော တော်တော်ပျက်စီးသွားတယ်
လူအထိအခိုက်တော့မရှိဘူး"

ပတ်ဝန်းကျင်ကို ချက်ချင်းလေ့လာပြီးသွားသော ဦးလေးဂျွန်က ချန်းယောလ်ရဲ့မေးခွန်းကိုပြန်ဖြေရင်း အိမ်ထဲဝင်လာသည်။ လက်ထဲတွင်လည်း ဆေးထုပ်တစ်ထုပ်ပါလာသေးသည်။

"ဆေးပေးခန်းသွားလို့မရပေမဲ့ ဆေးတော့ တိုက်ထားလို့ရပါတယ်
သူကလည်း အအေးမိပြီးဖျားတာပဲဆိုတော့ ငါတို့စောင့်ရှောက်ပေးရုံနဲ့အဆင်ပြေပါတယ်"

ဒီ့အပြင်လည်း တခြားလုပ်စရာနည်းလမ်းမရှိသေးသောကြောင့် ဦးလေးဂျွန်ပေးသည့်ဆေးထုပ်ကိုသာ ယူ ကြိတ်ပြီး စွပ်ပြုတ်နှင့်တွဲတိုက်ရန် ပြင်ဆင်ရသည်။ အသက်ရှုမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ ခန္ဓာကိုယ်လေးကို ပွေ့လိုက်ပြီး စွပ်ပြုတ်တိုက်ဖို့ကို မင်ချောက ကူညီပေးသည်။

"ကလေးရုပ်လေးနော်
ငယ်ဦးမယ်ထင်တယ် ဘယ်ကနေရောက်လာတာလဲမသိဘူး"

"ရေထဲကမြောလာတာလေ မင်းပဲအရင်မြင်တာမဟုတ်ဘူးလား"

"မဟုတ်ဘူးလေ ကျွန်တော်ပြောတာက ဘယ်ကနေ ရေထဲမြောလာတာလဲမသိဘူးလို့"

"သူနိုးလာမှ မေးကြည့်ရမှာပေါ့"

စွပ်ပြုတ်နဲ့ဆေးကို သုံးဇွန်းလောက်ဝင်အောင် မနည်းတိုက်ပြီးနောက် ချန်းယောလ်က မင်ချောနှင့်အတူ စိုက်ခင်းတွေဘက် သွားကြည့်ရန် အိမ်ကထွက်ခဲ့သည်။ သတိလည်မလာသေးတဲ့ကောင်လေးကိုတော့ ဦးလေးဂျွန်နဲ့သာ အပ်ထားလိုက်တော့သည်။ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ကောင်လေးအကြောင်း မြို့ရဲ့အုပ်ချုပ်ရေးမှူးကိုတော့ အသိပေးထားမှ ဖြစ်လိမ့်မည်။

💓

သဲ နစ်နေသော ကားဘီးများကို အနီးအနားက လူတွေရဲ့အကူအညီနဲ့ ဖယ်ထုတ်နိုင်ခဲ့ပြီးနောက် စိုက်ပျိုးခြံတွေဘက်ကို ကားမောင်းထွက်ခဲ့သည်။ ကမ်းခြေအနီးက လုပ်သားငယ်လေးရဲ့အိမ်ကို ဝင်ပြီး အခြေအနေမေးဖို့လည်း မပျက်ကွက်ခဲ့ပါ။ ချန်းယောလ်ရဲ့ မိဘတွေ မရှိတော့ကတည်းက ဒီအနီးအနားက လူတွေကပဲ ကြည့်ရှုပေးခဲ့ကြသည်မို့ တစ်မြို့လုံးကသူ့အိမ် သူ့ယာလို သူ့မိသားစုလိုဖြစ်နေခဲ့ပြီဖြစ်သည်။

Red String of FATEWhere stories live. Discover now