chapter-23

4.3K 304 26
                                    

ဂျီမင်းကျောင်းပြောင်းလျှောက်လွှာတွေအကုန်လုံးပြင်ဆင်ပြီးတော့ အိမ်ပြန်ဖို့Taxiငှားနေတုန်း ဘေးနားကနေသူ့ပုခုံးကိုလာကိုင်တဲ့ တစ်စုံတစ်ယောက်ကြောင့် ကြည့်လိုက်တော့

"ဟျောင်း ဂျီမင်းကိုပြောစရာရှိတယ် ခဏလောက်လိုက်ပေးလို့ရမလား။"

"အာ...ဟုတ်ဟျောင်း ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာထိုင်ကြတာပေါ့။လမ်းမကြီးက..."

ဟိုဆော့ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ အနည်းငယ်မှောင်ရီပျိုးကာ ညနေစောင်းအချိန်ဖြစ်သည်။ဆိုင်တစ်ဆိုင်ကိုသွားရင်အချိန်က ပိုကြာပြီးသူပြောမယ့်စကားက လိုရင်းမရောက်မှာကိုသိနေတာကြောင့်

"မှောင်တော့မှာပဲ ဟျောင်းတို့လမ်းလျှောက်ရင်းစကားပြောကြတာပေါ့။"

ဟိုဆော့ရဲ့စကားကြောင့် ဂျီမင်းအံ့သြသွားရသည်။အိမ်ကိုလမ်းလျှောက်မယ်ဆို ညသန်းခေါင်ကျော်မှရောက်မှာမဟုတ်လား။

"ဟိုဆော့ဟျောင်း နောက်နေတာတော့မဟုတ်ပါဘူးနော်။"

"တွေ့လား...ဂျီမင်းက အခုကတည်းကဟျောင်း နောက်ပြောင်ပြောတယ်ထင်နေတာမလား။"

"ဟို...မဟုတ်ဘူးလေ။ဟျောင်းပြောတာက အခုလမ်းလျှောက်ပြန်မယ်ဆိုတော့ ကျွန်တော့်အိမ်ကိုရောက်ဖို့က အဝေးကြီးလေ။အဲ့တော့ လမ်းလျှောက်ပြန်မယ်ဆိုတာက သိပ်အဆင်မပြေဘူးထင်တယ်...ဟျောင်း~"

ဟိုဆော့ လက်မခံဘဲ ဂျီမင်းရဲ့လက်ကိုဆောင့်ဆွဲကာ ဆွဲဖက်လိုက်သည်။ရုတ်တရတ်မို့ ဂျီမင်းကခပ်ကြောင်ကြောင်လေးဖြင့် သူ့ခါးကိုပြန်ဖက်ထားသည်။ဟိုဆော့ပိုတိုးပြီးဖက်ကာ ဂျီမင်းရဲ့ဂုတ်ထောက်နေတဲ့ ဆံပင်လေးကိုသူ့နှာခေါင်းလေးနစ်မြုပ်သည်အထိ တိုးကပ်လိုက်သည်။

"ကျေးဇူးပြု၍ မင်းရဲ့တစ်စုံတစ်ယောက်ဖြစ်ဖို့ ကိုယ့်မှာအခွင့်အရေးရှိလား။မဟုတ်ဘူး...မင်းဘေးနားမှာ မင်းကိုချစ်ပေးနိုင်တဲ့တစ်စုံတစ်ယောက်ဖြစ်ပါရစေ ဂျီမင်း~"

ဂျီမင်းဘာမှပြန်မပြောမိ။ဟိုဆော့ဖက်ထားသည့်အတိုင်းပင် ထိုအနေအထားလေးအတိုင်း။Taxi ငှားနေတာတောင်မေ့ကာ ကားသမားကထွက်သွားသည်အထိ သူတို့နှစ်ယောက်စလုံးပတ်ဝန်းကျင်ကို အာရုံထဲမထားမိ။
အသိပြန်ကပ်တော့ ဂျီမင်း ဟိုဆော့ကိုလွှတ်ပေးရန် တွန်းတော့မှ လူချင်းအသာခွာကာ ဂျီမင်းရဲ့ပုခုံးတွေကို ဆုပ်ကိုင်ထားသည့်ဟိုဆော့။

Be You, For Me [completed]Where stories live. Discover now