"ဦးလေး သူခိုက်မိလာတယ်ထင်တယ်"

"ဦးလေးအိမ်ဘက်မှာ ဆေးရှိတယ်
သွားယူလာခဲ့မယ်"

ဦးလေးဂျွန်ထွက်သွားတုန်း ထိုလူရဲ့ ခန္ဓာကိုယ်ကို ရေခြောက်အောင် လက်စသတ်ကာ သုတ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အဝတ်အစားလဲရသည်။ ခေါင်းက ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် လေရော မိုးရော ကြမ်းလာသဖြင့် ဦးလေးဂျွန်ပါ ချန်းယောလ်အိမ်မှာပဲ ညအိပ်လိုက်တော့သည်။

အိမ်ရှေ့ခန်းမှာ ဦးလေးဂျွန်အတွက် အိပ်ယာပြင်ပေးပြီးပေမဲ့ ချန်းယောလ်ကတော့ သတိမေ့နေသည့်လူကို တစ်ညလုံး အဖျားကျအောင် ပြုစုပေးရင်း ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ မိုးတွေရွာပြီး မိုးခြိမ်းတိုင်း တုန်သွားတတ်သည့် ခန္ဓာကိုယ်သေးသေးလေးကို ပွေ့ထားပေးရင်း တစ်ညလုံးအလုပ်ရှုပ်နေခဲ့ပါသည်။

"ငါတို့သာမင်းကိုမတွေ့ခဲ့ရင် ဒုက္ခပါပဲ"

ကလေးမျက်နှာနဲ့ကောင်လေးရဲ့ ရင်ဘတ်ပေါ်က စောင်ကို လည်ပင်းနားထိ ဆွဲခြုံပေးရင်း သူတစ်ယောက်တည်း တိုးတိုးလေးပြောလိုက်မိသည်။

"ငါတို့တွေ့ရမဲ့ ကံတရားပဲထင်ပါရဲ့"

💓

အရင်ဟာလေးတွေမပြီးဘဲ အသစ်လေးရေးမိတာ မီယားနဲ။
အရမ်းရေးချင်နေတာလေ မအောင့်နိုင်တော့လို့ပါ 🤭

(Zawgyi)

"ချန်းယောလ်ရေ...ရေဒီယိုက မုန်တိုင်းသတင်းကြေငြာထားတယ်
ညနေ အလုပ်စောစောသိမ်းခဲ့ဦးနော်"

"စိတ်ချ ဦးလေး ကျွန်တော် စောစောပြန်ခဲ့မယ်"

ခြေတံရှည် အိမ်မြင့်မြင့်လေးရဲ့ အိမ်တံခါးကို သော့ခတ်လိုက်ပြီး အိမ်ရှေ့ ခုံတန်းလေးမှာ အသင့်တင်ထားတဲ့ ဦးထုပ်ဝိုင်းကြီးကို ယူဆောင်းလိုက်သည်။ ခြံထဲသွားဖို့ ပြင်ဆင်ထားသည့် အိတ်ကို ပခုံးပေါ်ကောက်လွယ်ပြီး ဘေးအိမ်က ဦးလေးဂျွန်ကိုလည်း စောစောပြန်လာမည့်အကြောင်း အထပ်ထပ် ကတိပေးရသေးသည်။ ဖိနပ်ကြိုးကို ခိုင်အောင် ပြန်ချည်ပြီး အိမ်ပေါ်ကဆင်းခါနီး လှိုင်းလုံး ငြိမ့်ငြိမ့်လေး ရိုက်ခတ်နေသည့် ပင်လယ်ပြင်ကိုလှမ်းကြည့်ဖြစ်သည်။

Red String of FATETempat di mana cerita hidup. Terokai sekarang