ဒဏ်ရာရသွားတဲ့ ကောင်လေးကို ခြံလုပ်သားတွေရဲ့အကူအညီနဲ့ ချန်းယောလ် ဂျစ်ကားပေါ်တင်ပြီး မင်ချောကိုပါခေါ်ကာ ဆေးပေးခန်းသို့ မောင်းရသည်။ ဆေးပေးခန်းက သူတို့စိုက်ပျိုးခြံကနေ နာရီဝက်လောက်မောင်းရသည်။ မြို့ဆေးရုံတွေကို ပြည့်စုံလှသည်မဟုတ်သော်လည်း အရေးပေါ်ကုသမှုမျိုးတော့ လုပ်လို့ရသည်။

ကံကောင်းစွာပဲ ခြေထောက်က ထိရုံလေး ထိသွားတာဖြစ်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်သွားတာမျိုး မရှိပါ။ ကုသမှုများပြီးသွားသည့်အချိန်တွင် ညနေခင်းသာရှိသေးသော်လည်း ပတ်ဝန်းကျင်က တော်တော်အုံ့မှိုင်းနေပြီဖြစ်သည်။

"မင်ချော...ငါ သူ့ကို အိမ်လိုက်ပို့ပေးဦးမှာ
မင်း အိမ်ပြန်နှင့်လိုက်တော့လေ"

"ကျွန်တော်လည်း လိုက်ခဲ့မယ်လေ အစ်ကို...
ကျွန်တော်နဲ့ အစ်ကိုက အိမ်မှ သိပ်မဝေးဘဲ
အတူတူပို့ပေးကြတာပေါ့"

"အေး ဒါဆိုလည်း..."

သူတို့အတူတူ လုပ်သားလေးအိမ်ကိုရောက်သည့်အချိန်တွင် လေတွေ စတိုက်နေပြီဖြစ်သည်။ ဦးလေးဂျွန်ကတော့ သူ့ကို မျှော်နေလောက်ပြီ။ လုပ်သားလေးရဲ့အိမ်က ကမ်းခြေနှင့်နီးနေပြီး အခိုင်အမာမဟုတ်သောကြောင့် ချန်းယောလ်ရော မင်ချောပါ လိုအပ်တဲ့ အကာအကွယ်တွေရရန် ပြင်ဆင်ပေးခဲ့ရသေးသည်။

"ခြံဦးစီးတို့ကို အားလည်းနာ ကျေးဇူးလည်းတင်ပါတယ်
ကျွန်တော့်ကြောင့် အိမ်ပြန်နောက်ကျနေပြီ
မြန်မြန်ပြန်ပါတော့ လေတွေတော်တော်ကျနေပြီ"

"ရပါတယ် မင်းသက်သာမှ အလုပ်ဆင်းလိုက်တော့
မင်ချော ပြန်ရအောင်"

အိမ်ထဲကထွက်လာပြီး ကားရပ်ထားသည့်နေရာကိုလာတော့ သဲတွေထဲမှာ နစ်ဝင်နေသည့် ကားဘီးများကို စိတ်ညစ်ဖွယ်ရာတွေ့လိုက်ရသည်။ ကားအမြန်ရပ်လိုက်ရသောကြောင့် သဲလည်း မရှောင်လိုက်မိသလို လေအရှိန်ကြောင့် ကုန်းဘက်ကို ပိုထူတက်လာတဲ့ သဲတွေက သူ့ကားဘီးနားမှာ ထူထပ်စွာရှိလို့နေသည်။

"အစ်ကို ဘီးက သဲနစ်နေပြီ"

"အိမ်နဲ့မှ မဝေးတော့ဘဲ မြန်မြန်ပဲ လမ်းလျှောက်လိုက်ရအောင်"

Red String of FATEWhere stories live. Discover now