လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်က ချန်းယောလ်ခြံထွက် စတော်ဘယ်ရီများ ရောင်းအားကောင်းလွန်းခဲ့သဖြင့် သူတို့နယ်မြို့တစ်ခုလုံးက စိုက်ပျိုးပင်တွေနဲ့ ပတ်သက်ရင်
ချန်းယောလ်ဆီက မေးမြန်းအကူအညီယူကြသည်။ မြို့ပြကြီးလောက် ဧရိယာကျယ်ဝန်းမနေသော မြို့ငယ်လေးမှာ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်မို့တကယ်ပင် ပျော်စရာကောင်းပါသည်။

💓

နေ့လည်ခင်း ခြံလုပ်သားတွေနဲ့အတူ ထမင်းစားပြီးတာနှင့် အလုပ်များကို စောစောလက်စသတ်ရတော့သည်။ ညက ကြေငြာထားသည့် မုန်တိုင်းသတင်းအရ ဒီညနေကစပြီး အိမ်ထဲမှာလုံလုံခြုံခြုံနေကြဖို့လိုအပ်သည်။ သူတို့မြို့လေးက ပင်လယ်ကမ်းခြေနှင့်လည်း နီးနေသောကြောင့် မုန်တိုင်းဒဏ်လည်း မကြာခဏ ခံကြရသည်။ မိုးကြီး လေကြီးလျှင် လျှပ်စစ်မီးပြတ်တောက်တာနှင့် ဆက်သွယ်ရေးတိုင်များ လဲပြိုကျတာမျိုးလည်း အကြိမ်ကြိမ် ဖြစ်တတ်သည့်နေရာမျိုးဖြစ်သည်။

ချန်းယောလ် စာရင်းစာရွက်များကို အိတ်ထဲပြန်သိမ်းပြီး သစ်သားအိမ်ငယ်လေးထဲမှ ကောင်းကင်ကိုလှမ်းကြည့်တော့ အနည်းငယ် ညို့နေပြီဖြစ်သည်။ ခြံလုပ်သားတွေကို စောစောအိမ်ပြန်ဖို့ ပြောရန် အိမ်ငယ်လေးထဲကထွက်အလာ...

"ခြံဦးစီး....ခြံဦးစီး...ဝိုင်ခြံဘက်မှာလေ
စည်ပိုင်း ခြေထောက်ပေါ်ကျလို့"

"ဘယ်သူထိသွားတာလဲ..."

"အသစ်ဝင်တဲ့ အလုပ်သမားလေးပါ..."

"ဟို..ကမ်းခြေဘက်မှာနေတယ်ဆိုတဲ့တစ်ယောက်လား..."

"ဟုတ်ကဲ့..."

စိုက်ပျိုးခြံဘက်မှလုပ်သားများကို အလုပ်ဆင်းရန်ပြောပြီးနောက် ဝိုင်ခြံဘက်ကို အပြေးလာခဲ့သည်။ အဲ့ဒီလုပ်သားလေးက အသစ်ဝင်တာ တစ်ပတ်လောက်သာရှိသေးသည်။ အမေတစ်ခု သားတစ်ခုမို့ အသက်ငယ်သေးပေမဲ့ သနားပြီး အလုပ်ခန့်ထားတာဖြစ်သည်။ ဒီမြို့ကိုပြောင်းလာတာလည်း လပိုင်းလောက်သာရှိသေးသည်မို့ တစ်ခုခုဆို
ကူညီမည့်သူမရှိလောက်တာသေချာသည်မို့ ချန်းယောလ်က အစစအရာရာ ကူညီချင်သည်။

Red String of FATEDonde viven las historias. Descúbrelo ahora