"အစ်ကို ချန်းယောလ် ရောက်ပြီလား"

"အင်း မင်ချော
မုန်တိုင်းသတင်းကြားတယ်မလား
ဒီညနေ ခြံလုပ်သားတွေအကုန်လုံးကို အလုပ်စောစောဆင်းရမယ်ဆိုတာ ကြိုပြောပေးထား"

ချန်းယောလ်က စိုက်ပျိုးခြံလုပ်သားခေါင်းဆောင် မင်ချောကို ပြောရင်း အလုပ်လုပ်သည့် သစ်သားအိမ်ငယ်လေးထဲ ဝင်တော့ မင်ချောကပါ အနောက်ကနေလိုက်လာသည်။

"ဟုတ်ကဲ့ အစ်ကို
ခုနတုန်းကလေ မြို့နယ် အုပ်ချုပ်ရေးမှုးလာသွားတယ်"

"ဟိုဘက်ခြမ်းက ခြံကွက် ကိစ္စပဲလား"

"ဟုတ်တယ် အစ်ကို
အဲ့ဒီခြံက မြို့ပိုင်လိုဖြစ်နေတော့ ရင်းနှီးမြှုပ်နှံသူရှိမယ်ဆို ရောင်းဖို့ အတူတူပြင်ဆင်ရမယ်တဲ့
အစ်ကို့ဆီက အကူအညီလိုတယ်လို့ပြောတယ်"

"အင်း ငါသိပါတယ်
နောက်နေ့လောက်မှ အုပ်ချုပ်ရေးမှုးအိမ်ကို သွားလိုက်ပါဦးမယ်
စပျစ်တွေရော စ သီးနေပြီလား"

"သီးနေပြီ မျိုးကောင်းလို့ထင်တယ်
အလုံးတော်တော်လှတယ်"

"ဒီနှစ်တော့ စပျစ်ဈေးကောင်းမယ်ထင်ပါတယ်
ကဲ မင်းလုပ်စရာရှိတာ သွားလုပ်တော့လေ"

မင်ချောထွက်သွားပြီးတာနဲ့ ချန်းယောလ် အလုပ်လုပ်နေကျ သစ်သားစားပွဲလေးပေါ် စာရွက်စာတမ်းအချို့ တင်လိုက်သည်။
ဒီနှစ်အတွက် တစ်နှစ်တာ ရောင်းကုန်စာရင်းနှင့် စပျစ်ဝိုင် တင်သွင်းရမည့် ဆိုင်အမည်အချို့ကို ပြန်စီစစ်ရဦးမည်။ ပြီးခဲ့တဲ့တစ်နှစ်လုံး သူတို့ စပျစ်ဝိုင်တွေ ဈေးနှိမ်ခံထားရသောကြောင့် ဒီနှစ်တော့ ထိုဆိုင်ကို သွင်းဖြစ်မည်မဟုတ်တော့။

ဒီခြံက ချန်းယောလ်မိဘတွေရဲ့ အမွေမို့လို့ ချန်းယောလ်က သေချာကြိုးစားပြီးလုပ်ကိုင်ချင်သည်။ ကိုယ်တိုင်သေချာဦးစီးချင်သောကြောင့် တက္ကသိုလ်မှာ စိုက်ပျိုးရေးဘာသာရပ်ကို အထူးပြုယူခဲ့သူဖြစ်သည်။ ခေတ်လူငယ်လည်းဖြစ်သောကြောင့် ခေတ်မီနည်းပညာအချို့နှင့် နည်းလမ်းဟောင်းအချို့ကို တွဲဖက် အသုံးပြုခဲ့သဖြင့် ချန်းယောလ်စိုက်ပျိုးခြံတွေက သူများခြံတွေထက် အထွက်ကောင်းသည်။

Red String of FATEWhere stories live. Discover now