Chapter - 3

7.5K 733 18
                                    

သဘောကောင်းစွာနဲ့တပိုင်းထပ်upပေးလိုက်ပါတယ်ဗျ။

Unicode

ကျိုးချီလန်-သူ့အားစိုက်ကြည့်နေကြသည့်လူသုံးယောက်ကိုတလှည့်ဆီကြည့်လိုက်သည်။သူဘာမှမပြောရသေးခင် ရှဥ့်ကလေးက အရင်ဆုံးသူ့ကိုအကြံပေးလာသည်။

[ဒီကိစ္စကို ဒုတိယဇာတ်လိုက်နဲ့ပူးပေါင်းလုပ်ပါလား အရှင်သခင်။အဲ့ဒီတာဝန်ကိုအတူတူလုပ်ဆောင်ရင်း နှစ်ဦးသားရင်းနှီးမှုရယူကြတာမကောင်းဘူးလား။အရှင်သခင်အတွက် နှစ်သက်မှုရာခိုင်နှုန်းပြည့်အောင်လုပ်ဖို့က အဲ့ဒါအကောင်းဆုံးပဲ]

'....'

အရှင်သခင်က သူ့စကားကိုပြန်မပြောပေမဲ့ မျက်နှာအမူအရာကိုကြည့်လိုက်တဲ့အခါ သူ့စကားကိုသဘောတူလိုက်မှန်းသတိထားမိသည်။ရှဥ့်ကလေးက သူ့အရှင်သခင်ကိုမှီပြီး သစ်ကြားသီးပြန်ကိုက်နေတော့၏။

ကျိုးချန်ကုန်းက ကျိုးချီလန်ရဲ့အဖြေကိုစောင့်နေသည်။ကျိုးချီလန်သာ ဒီကိစ္စကိုတာဝန်ယူဖို့လက်ခံမည်ဆိုရင် သူကျေးဇူးတင်မိမှာဖြစ်သည်။သူ့အနေနဲ့ လွတ်လွတ်လပ်လပ်စာဖတ်ရသည်ကိုပဲဝါသနာပါကာ အဖေ့ရဲ့အလုပ်တွေကိုမလုပ်ချင်ပေ။

ကျန်းမေ့ဟာလည်း ကျိုးချီလန်ရဲ့လက်ခံစကားကိုစောင့်နေ၏။သူမကယုံကြည်မှုကတော့အပြည့်ရှိနေသည်။ ကျိုးချန်ကုန်းကို တစ်ချက်အကဲခတ်ကာ သူမကပြုံးလိုက်၏။

(ဒီတာဝန်က ချီလန်အတွက်ပဲ!)

ကျိုးသခင်ကြီးမှာတော့ သူ့သားနှစ်ယောက်ထဲက ဘယ်သူပဲဒီတာဝန်ကိုယူပါစေ၊အဓိကက ကုမ္ပဏီအတွက်အကျိုးရှိပြီး အဆင်ပြေချောငွေ့ရင်ရပြီ..။

ကျိုးချီလန်က အရစ်ရှည်မနေတော့ပဲ ပြောလိုက်သည်။
"ဒီကိစ္စကိုကျွန်တော်တာဝန်ယူမယ်"ဟု။

ထိုစကားတစ်ခွန်းမှာ လူနှစ်ယောက်ကဝမ်းသာကျေနပ်သွားကြသည်။

{ကျိုးချန်ကုန်း၏နှစ်သက်မှုရာခိုင်နှုန်း=+5/40%}
{ကျန်းမေ့၏နှစ်သက်မှုရာခိုင်နှုန်း=+5/50%}

ဒါပေမဲ့ ကျိုးချီလန်ကစကားပြောလို့မပြီးသေးပေ။

"ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲတော့မလုပ်ဘူး..အစ်ကိုကြီးနဲ့အတူ ဆောင်ရွက်ချင်တယ် အဖေ"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now