"ကျစ်...ကြည့်မရဘူးလို့ပြောထားတဲ့အဲ့ပါးစပ်လေးကို ညကျမှနှုတ်ခမ်းပေါက်ပြဲတဲ့အထိ နာနာလေးနမ်းပြစ်အုန်းမယ်။"
"နမ်းရဲနမ်းကြည့်ပါလား ဟင်း~ ငါ့အကြောင်းသိသွားစေရမယ်။"
"စိတ်ချ! ညကျရင်...ယောင်းရဲ့အကြောင်းကိုသိအောင် နမ်းဖြစ်အောင်ကိုနမ်းဦးမှာ။"
"မင်း!အယုတ်တမာလေး~"
ထယ်ယောင်းစားလက်စ ကိတ်ဇွန်းလေးကိုချထားပြီး ခြံထဲထွက်လာခဲ့သည်။အဲ့အယုတ်တမာလေးအနားနေရင် ဆင်ဆာမဲ့စကားတွေနဲ့ခဏခဏအပြောခံရလွန်းလို့။
"အသက်ကသာ ငါ့ထက်ငယ်တာ အဲ့နယ်ပယ်မှာသိလိုက်တာမှနှံ့ပျံ့နေတာပဲ။ကျစ်...မုန်းစရာကောင်းလိုက်တာ အယုတ်တမာလေး~"
~~~~~
ဂျီမင်း ကိုယ်ဝါသနာပါတဲ့သင်တန်းတစ်ခုကိုတက်နေပြီး သာမန်အတိုင်းနေတာ ရက်အနည်းငယ်ရှိပြီ။ဝါသနာထဲစိတ်နှစ်ထားတော့ အချစ်ဦးအတွက်လည်းသိပ်မခံစားရသလို။
"အာရီဂူး အဝေးကကြည့်နေတာဘယ်သူများလဲလို့ ဂျီမင်းနီးပါလား။"
သူ့ကိုလာနှုတ်ဆက်တဲ့ ဆော့ဂျင်ဟျောင်းနဲ့နမ်ဂျွန်းဟျောင်း။တစ်ယောက်နဲ့တစ်ယောက်ကလက်ချင်းတွဲထားသေးတာ။
"အာ...ဆော့ဂျင်းဟျောင်းတို့ မဟုတ်မှ...လာDateကြတာလား။"
"မဟုတ်ပါဘူးကွာ ဟိုဆော့လည်းပါတယ်။သူစာအုပ် counter ဘက်မှာကျန်ခဲ့တယ်ထင်တယ်။ဟျောင်းတို့နဲ့လိုက်ခဲ့လေ တစ်ခုခုသွားစားကြတာပေါ့။မလိုက်တော့ပါဘူးလို့တော့မငြင်းနဲ့နော်။ဟိုဆော့လည်း ပြီးရင်လိုက်လာလိမ့်မယ်။လာ...ဟျောင်းတို့သွားကြမယ်။"
စားသောက်ဆိုင်ရောက်တော့လည်း ဆော့ဂျင်ဟျောင်းအသံချည်းသာ။အရင်ကတည်းကသူတို့တွေက မစိမ်းတာမို့သိနေကြခြင်း။ဟိုဆော့ဟျောင်းရောက်လာတော့သူ့ဘေးနားကခုံအလွတ်မှာထိုင်ပြီး တစ်ခုခုမှာနေသည်။သူလည်း ဘာမှထွေထွေထူးထူးပြောစရာမရှိတာကြောင့် ဖုန်းကိုသာအာရုံစိုက်ပြီးကြည့်နေလိုက်သည်။
intragram ကနေထယ်ယောင်းတင်ထားတဲ့ပုံလေးတွေကိုကြည့်မိနေတုန်း...
chapter-20
Start from the beginning