'..ဒီကောင် ငါ့ကိုဘာလို့လာပြုံးပြနေတာလဲ?'

[သူ့အပြုံးတွေကလှတယ်လေ..ပြုံးပါစေ]

'...လူစကားပြော'

[အဟမ်း၊တစ်ဖက်ကလူက ကျိုးချီလန်နဲ့ရုပ်ခြင်းအလွန်တူတယ်..အရှင်သခင် ကိုယ်ရေးရာဇဝင်ဘောင်ကိုဖွင့်ကြည့်ပါလား]

'ဘယ်လိုကြည့်ရမှာလဲ'

[ဟို..ပြောဖို့မေ့နေတာ အဲ့ဒါက ဒီလိုလေးဗျ]

ရှဥ့်ကလေးက မတ်တပ်ရပ်ကာ လက်တစ်ဖက်ကိုလက်သီးစုတ်ပြီး ရင်ဘတ်ပေါ်၌တင်ပြလာသည်။

ကျိုးချီလန်"...."

[အဲ့လိုအပြုအမူနဲ့ အဲ့လူတစ်ယောက်ရှေ့မှာလုပ်ပြရင် တစ်ဖက်လူရဲ့ကိုယ်ရေးအကျဥ်းအရာတွေအားလုံးပေါ်လာမှာပါဗျ ။ဒါက အရှင်မင်းကြီးက အရှင်သခင်အတွက် specialအပြစ်ဒဏ်ပါဗျ]

'..မင်းတို့နောက်နေတာပဲ'

[မနောက်ပါဘူးဗျ]

ရှဥ့်ကလေးမှာ အရှင်သခင်ဒေါသထွက်နေမှန်းသိသောကြောင့် အသံမထွက်ရဲတော့ပဲ သစ်ကြားသီးကိုသာကိုက်နေတော့သည်။

ကျိုးချီလန်တစ်ယောက် အံကိုကြိတ်လိုက်၏။ထို့နောက် သူ့လက်သီးကိုတင်းကြပ်စွာဆုတ်ကိုင်ကာ ရင်ဘတ်ပေါ်သို့တင်လိုက်သည်။ရှဥ့်ကလေးပြောသလို ကိုယ်ရေးရာဇဝင်ဘောင်ဟာချက်ချင်းပေါ်လာသည်။

{ဒုတိယဇာတ်လိုက် -ကျိုးချန်ကုန်း
အသက် -23နှစ်
အနေအထား-ကျိုးမိသားစုရဲ့ဆက်ခံသူ။

နှစ်သက်မှုရာခိုင်နှုန်း(25%)
မုန်းတီးမှုရာခိုင်းနှုန်း(-5%)

mission-ကျိုးချန်ကုန်းနှင့်သင့်မြတ်အောင်နေရန်။}

[လွယ်..လွယ်ပါတယ်]
(တစ်ဖက်လူနဲ့မတည့်အောင်ပဲနေတတ်သည့်အရှင်သခင်အတွက် သင့်မြတ်အောင်နေခိုင်းသည့်missionဟာ အခက်ခဲဆုံးဖြစ်တယ်)

'..သောက်အဖိုးကြီးတွေ!'

ကျိုးချန်ကုန်းဟာ ညီဖြစ်သူရဲ့ပုံစံအား အထူးအဆန်းဖြစ်နေ၏။ရုတ်တရက်ကြီး ရင်ဘတ်ပေါ်လက်သီးစုတ်တင်ကာရပ်နေသည့် ညီဖြစ်သူကြောင့် မည်သူ့အားအလေးပြုနေသနည်းဟုတွေးနေမိ၏။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now