ရွှီလျန် : [ အိုကေ ]

သို့သော် သူမက ဤသို့ပြောလိုက်သော်ငြားလည်း ရွှီလျန်သည် သူမက သူ့အိမ်ကို လက်ဗလာဖြင့် မသွားနိုင်ကြောင်း ခံစားနေရသည်။ သူမသည် ရှန့်ချန်ခုန်းက သူမအမေကိုပေးဖူးသော skincare လက်ဆောင်အား ပြန်အမှတ်ရမိသည်။ ရွှီလျန်သည် သူမလည်း ဤကဲ့သို့လုပ်ပေးနိုင်သောကြောင့် သူ့အမေကို skincare ပစ္စည်းအချို့ ဝယ်ပေးလိုက်မည်ဟု တွေးထားလိုက်၏။

တကယ်တော့ ၎င်းက အလွန်ကောင်းသောအကြံတစ်ခုဖြစ်သည်။ ကျန်းမာရေးထိန်းသိမ်းရေးပစ္စည်းတွေက ကောင်းပေမဲ့လည်း ရှန့်ချန်ခုန်းအမေက ထိုသို့သောအရာမျိုးကို ကြုံရာသောက်သုံးလား၊မသောက်သုံးလား ရွှီလျန် မသိပေ။ skincare ပစ္စည်းတွေကသာ ပို၍ဘေးကင်းပေလိမ့်မည်။

ကြာသပတေးနေ့တွင် သူမဆိုင်ကိုပိတ်၍ ရွှီလျန်သည် အခွင့်အရေးရှာကာ လက်ဆောင်ရွေးရန် မြို့ထဲရှိအကြီးဆုံးစတိုးဆိုင်သို့ သွားခဲ့သည်။ အိမ်အပြန်လမ်းတွင် ရွှီလျန်သည် ပန်းဆိုင်ပိုင်ရှင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိကာ သူမရွေးထားသောပန်းခြောက်တွေမှာ ပြီးစီးသွားပြီဖြစ်ကြောင်း၊ သူမအားလပ်သည့်ဘယ်အချိန်မဆို လာရောက်ကြည့်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဖုန်းပြောပြီးနောက် ရွှီလျန်သည် သူမကားပြန်လှည့်ပြီး ပန်းဆိုင်သို့မောင်းသွားသည်။

ရွှီလျန်သည် မတူညီသောပန်းမျိုးစုံကို စစ်ဆေးပြီးသောအခါတွင် ၎င်းတို့သည် သူမ၏ကိုယ်တိုင်အိမ်လုပ်ပန်းခြောက်များထက် ပို၍အနံ့ပြင်းပြီး ဖြတ်ညှပ်ကပ်ပိုကောင်းကြောင်း ခံစားခဲ့ရသည်။

"ကောင်းပါပြီ ကျွန်မ နည်းနည်းပြန်ယူသွားပြီးတော့ ဂျစ်ပဆမ်ကဒ်ပြားလေးနှစ်ခု လုပ်ကြည့်လိုက်မယ် ဘာဖြစ်လာမလဲကြည့်ကြတာပေါ့"

ပန်းဆိုင်ပိုင်ရှင်က ပြုံးရင်းဖြင့်

"ကောင်းပါတယ် ကျွန်မ ဒါတွေကို ရှင့်အတွက်ထုပ်ပေးလိုက်မယ်"

"ဟုတ်ကဲ့ပါ"

ပန်းဆိုင်ပိုင်ရှင်က ပန်းခြောက်တွေကို ထုပ်ပိုးနေသည့်အချိန်တွင် ရွှီလျန်သည် အနားတွင်ထိုင်နေသော ကလေးမလေးနားသို့ ချဉ်းကပ်သွား၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now