“ကျွန်တော့်ကို အဲ့လိုမကြည့်ပါနဲ့ မကြိုက်ဘူး”

နေမကောင်းလည်း မာနကတော့ မောက်နေသေးတာ
ပဲ။ လက်တစ်ဖက်ကို အားပြုကာ ထလိုက်တော့
ဦးဂျွန်က ပြာပြာသလဲ ထူပေးသည်။ အထူမခံ။
အခုလို သနားတဲ့အကြည့်တွေနဲ့ ကြည့်ခံရအောင်
ဇာတ်သွင်းခဲ့တာ ဘယ်သူမို့လို့လဲ။

“ဖယ်! မထိနဲ့”

“ကလေးငယ်”

“ဖြစ်နိုင်ရင် ကျွန်တော့်အသားကို နည်းနည်းတောင်
မထိပါနဲ့ ဦးဂျွန်”

“‌ငယ်လေး ဘယ်လိုပြောလိုက်တာလဲ”

မမဟန်က ၀င်ပြောတော့ သူငြိမ်ကျသွားသည်။
ကုတင်ကိုကျောမှီရင်း အသက်ကိုဖြည်းဖြည်းချင်း
ရှူကာ သူ့ကိုကြည့်နေတဲ့လူတွေရဲ့အကြည့်မှရှောင်ဖို့
ကြိုးစားနေသည်။ သို့ပေမယ့်......။

“ဆော့ဂျင်လည်းသိပြီးပြီဆိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော် ဆက်ပြီး မဖုံးကွယ်ချင်
တော့ပါဘူး။ အခုစစ်ဆေးချက်အရဆိုရင် ဆော့ဂျင်
ရဲ့နှလုံးရောဂါက ဆေးကုသရမယ့်အနေအထားကို
ရောက်နေပါပြီ အဲ့တာကြောင့်-”

“ဆိုးလ်ကိုပြန်မယ် ”

“ဗျာ ”

“ကလေးငယ်!”

“ဆိုးလ်ကိုပြန်မယ် မမဟန် မနက်ဖြန် ငယ်လေးကို
ဆိုးလ်ပြန်ခေါ်သွားပေးပါ ”

ဦးဂျွန်မျက်ဝန်းတွေ ပြာယာခတ်သွားသည်။ တွန့်
ဆုတ်ခြင်းမရှိဘဲ ပြောထွက်ခဲ့သော စကားသည်
သူနဲ့ခွဲသွားဖို့တဲ့။

“ဒီမှာလည်း ကုလို့ရတယ်တဲ့ ကလေးရဲ့
ဦးဂျွန် ထယ်ယောင်းကို အကုန်မေးပြီးပြီ
လိုအပ်တဲ့ဆေးဝါးတွေကို မှာလိုက်ပြီး ဒီမှာပဲ
ဦးဂျွန် သေချာကုပေးမယ်လေ ဒီမှာပဲ တူတူ-”

“ဆိုးလ်ကိုပြန်မယ် အိမ်ပြန်မယ် ဒီမှာထက်ပြီး
မနေချင်တော့ဘူး ဦးဂျွန်.....”

“ကလေးငယ် ဦးဂျွန် မင်းမရှိဘဲ မနေနိုင်တာ
သိရက်နဲ့ ဘာလို့များ”

“သိနေရင် ဘာလို့ စောစောမပြောခဲ့တာလဲ!!
ဦးဂျွန်သာ ပြောခဲ့ရင် အဲ့လောက်အထိ ဆိုးစရာ
အကြောင်းမရှိဘူးလေ....ဘာလို့များ....ဘာလို့များ
မပြောဘဲ နေနိုင်ခဲ့ရတာလဲလို့!!!”

ဦးဂျွန် ( Kookjin )Where stories live. Discover now