အပိုင်း(၁)

453 30 5
                                    

ကျွန်တော်သူ့ကိုမချစ်တော့ဘူး။ အပိုင်း(၁)

အချစ်ဦး...
အချစ်ဦးဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်‌ဆိုကြပါလဲ
ကျွန်တော်ကတော့ အချစ်ဦးကို ကျွန်တော်အချစ်စစ်နဲ့ပထမဆုံးချစ်ခဲ့ဖူးတဲ့သူကိုအချစ်ဦးလို့ပဲသတ်မှတ်ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၁၅ရက်နေ့

မိုးတွေရွာနေသောညနေခင်းတစ်ခု
၈တန်းကျောင်းသား၊ကျောင်းသူများကျောင်းပြန်လွှတ်ရာညနေခင်းတစ်ခုမှာ ရွာသွန်းနေသောမိုးသည် သည်းကြီးမည်းကြီးပင်။အငြိုးများဖြင့်ရွာသွန်းနေသယောင် ၊ ယခင်ကကြည်လင်နေသောကောင်းကင်ပြာကြီးသည် ယခုမဲမှောင်လျက် လျှပ်စီးများလျှပ်ကာ မိုးများခြိမ်းနေလေသည် ။

ကျောင်းပြန်ဆင်းသော ကျောင်းသား ၊ကျောင်းသူများအဖို့ အလွန်ပင်ဒုက္ခကြီးလှသည်။ကျောပိုးအိတ်ကတစ်ဖက် ၊ ထမင်းချိုင့်ကတစ်ဖက် ၊ မိုးရွာသည်ကြောင့် ထီးကတစ်ဖက်ဖြင့်လွန်စွာအလုပ်များလှသည်။

ထက်မြတ်ငြိမ်းချမ်းတို့သူငယ်ချင်း၆ယောက်သည်လည်း မိုးကာဝတ်သူကာဝတ် ၊ ထီးဖွင့်သူကဖွင့်။ ထီးမပါသူကလည်း သူများထီးကပ်ဆောင်းလို့ဆောင်းနှင့်ပရုတ်ကျစွာ ကျောင်းဝင်းကြီးထဲမှာထွက်လာကြသည်။

ထက်မြတ်ငြိမ်းချမ်းတွင် အလွန်ပင်ချစ်ရသောသူငယ်ချင်း (၆) ယောက်ရှိသည်။
မိန်းကလေး( ၄ ) ယောက်နှင့် ယောင်္ကျားလေး( ၂ ) ယောက်သာပါဝင်သည်။
ထို (၆) ယောက်တွင် ယောင်္ကျားလေး(၂)ယောက်မှာ ၏ထက်မြတ်ငြိမ်းချမ်းနှင့်ယံလင်းဖြိုးတို့နှစ်ယောက်သာပင်။

ယံယံသည် အသားဖြူဖြူဖွေးဖွေးနှင့်ဆံပင်အုပ်အုပ်လေးများရှိကာ ချမ်းသာသည့်မိသားစုမှလာသည့်အလျောက် နူးနူးညံ့ညံ့လေးပင်။
ထက်မြတ်ငြိမ်းချမ်းသည် အသားအရည်မှာယံယံလောက်မဖြူသောငြား ယံယံပြီးလျှင်ထက်မြတ်ငြိမ်းချမ်းကအဖြူဆုံးပင်။ထက်မြတ်တို့မိသားစုသည် ချမ်းသာသည်လည်းမဟုတ် ဆင်းရဲသည်လည်းမဟုတ် နေနိုင်စားနိုင်သူများဖြစ်သည်။

မိန်းကလေး(၃)ယောက်သည် ပိုးဟေသာကိုအက္ခရာသွန်းချိုအိမ့်မှုးအမရာ တို့ဖြစ်သည်။ထိုသူငယ်ချင်းမလေးများသည် နူးညံ့သောအမည်နာမလေးများနှင့်မလိုက်ဖက်စွာ “ကျားကျားယားယားမိန်းမသာ”ဟူသောဆောင်ပုဒ်နှင့်အညီနေထိုင်ပါသည်။

ကျွန်တော် သူ့ကိုမချစ်တော့ဘူး။Where stories live. Discover now