အရေးပိုင်မင်းကို ကပ်မြှောက်လိုက် မမကြီးကိုကပ်မြှောက်လိုက် လုပ်နေသော ဒေါ်လုံးက မမကြီး မူနွဲ့ကိုအလေးပေးမှန်းသိ၍ ဝင်ပြောသည်
မမကြီးက နှင်းဆီတွေကို ရိုးတံချွေနေသည်
အဝါနုရောင်လေးဆင်ထားသောကြောင့် အသားလေးက ဝင်းနေသည် အို မမကြီးနဲ့ သူမဟာ အရောင်ဆင်တူနေပါ့လားမူနွဲ့မမကြီးမျက်နှာအားကြည့်လိုက်မိသည်
မျက်ဝန်းတွေထဲရှာမိသည် ဘာကိုရှာနေမိလဲ မူနွဲ့မသိ
မမကြီးဟာ အမူအရာမပြောင်းလဲ ခဏ မူနွဲ့ကိုကြည့်ပီးမှ မျက်နှာလွှဲသွားသည်"ဘယ်နားများလဲ မမကြီးဖြင့် မတွေ့မိဘူး"
တိတ်တခိုး လှုပ်ရှားမိသွားတဲ့ မူနွဲ့စိတ်တွေကို လှောင်ရယ်မိသွားသည်
မူနွဲ့ဘာများတတ်နိုင်မလဲ မမကြီးမှ မူနွဲ့ကို မေတ္တာမပိုချင်ဘဲ.......
........................................
ဖစ်ရလေ ဖစ်ရလေ ဘယ့်နဲ့ကြောင့်များ ဒီလိုတွေဖစ်နေရသလဲမမကြီးဟာ သူမလက်ထဲမှ ထက်ဝက်ကျိုးသွားသော နှင်းဆီပန်းကိုကြည့်မိသည်
ကွဲအက်ကာ ညှိုးနွမ်းသွားရသည့် နှလုံးအိမ်ဟာ အခုတော့ အလုပ်ကောင်းကောင်းပြန်လုပ်နေလေပီထင်
မူနွဲ့ကြောင့်ပါလေ စိတ်ကို အစိုးမရစေဘူး
ကြည့်လေ ယဉ်လေ ရုန်းလေ နစ်လေ အလှတရားပါပေလားမူနွဲ့ လှသလားတဲ့..........
လှပါတယ် လှပါတယ်ကွယ် မူနွဲ့ရယ်...
လှနေလွန်းလို့ လက်တွေတောင် တင်းကျပ်သွားမိတယ် လက်ထဲက နှင်းဆီဟာ သက်သေပါလေ..............'...................................
"ကိုမြတ်သာဒင်"မြတ်သာဒင်တစ်ယောက် လေသံခပ်သာသာနဲ့ သူမခေါ်လာသည်မို့အထူးတဆန်း ဖစ်ခါငေးရသည်
"ဟင်"
"ဟိုးနားမယ် မူနွဲ့နဲ့စကားပြောနေတဲ့ သူငယ်က ဘယ်သူလဲ"
မြတ်သာဒင်လည်း သူမမေးငေါ့ရာ မျှော်ကြည့်ရသည်
"အော် မောင်မောင်တင် စာရေးလေးလေ သူကနယ်ဘက်ကနေ ရာထူးတိုးလာတာ ဒါလင်ရဲ့ ဒီမှာနေဖစ်တော့မှာ"
![](https://img.wattpad.com/cover/334086145-288-k934587.jpg)
မူနွဲ့ချစ်သော မမကြီး Part3
Start from the beginning