အရေးပိုင်မင်းလည်း ထိုမိန်းမနဲ့အတူ အပြင်ပြန်ထွက်သွားတယ်
ကြီးတော် အဲ့ အမျိုးသမီးက ဘယ်သူလဲဟင်
"မင်းကတော်လေ ကလေးမ အလုပ်အကျွေးပြုရမဲ့သူ""ရှင်"
ဒါဟာ မမကြီးနဲ့ မူနွဲ့စတွေ့မိတဲ့အချိန်ပါဘဲ
.................................
"မူနွဲ့ ဒီရတနာတွေ လိုချင်ရင် ပြောယူ"ရုတ်တရက်မို့ သေချာနားမလည်လိုက် မင်းကတော်ဟာ ရတနာတွေကိုပြောယူတဲ့လေ
"အို မူနွဲ့ဘာလို့ယူရမလဲ မယူနိုင်ပါဘူး မင်းကတော်"
"တို့ပြောတာပါ လိုချင်ရင်ပြောယူ ရှေ့က အစေခံတွေလည်းယူနေကြ ကြည်ဖြူတာမို့ တမင်ခိုးယူစရာမလိုတော့ဘူးပေါ့"
လှပတဲ့ မင်းကတော် မျက်နှာဟာ ခပ်မဲ့မဲ့
"မူနွဲ့တစ်ပါးသူပစ္စည်းကို အဲ့လိုမယူတတ်ဘူး လိုချင်တယ်ဆိုလည်း ထိုက်တန်တဲ့လုပ်အားခကိုပေးပီးမှယူတတ်တယ် မင်းကတော်"
မင်းကတော်မျက်နှာဟာ ဘယ်လိုဖစ်နေမလဲ မူနွဲ့မသိ မကြည့်မိ
"တို့ သိပ်မုန်းတယ် ဒီအရာတွေ ဖြူစင်မှုမရှိတဲ့စည်းစိမ်တွေ တို့နားမယ် အဖွားတော်ထားခဲ့တဲ့ စိန်တစ်ပွင့်နားကပ်ဘဲပန်မယ်"
မူနွဲ့လည်း လိုတာများ အကုန်လုပ်ပေးပီး တံခါးပိတ်ဟန်ပြင်တော့
"မူနွဲ့"
"ရှင် မင်းကတော်"
"တို့ကို မမကြီးလို့ခေါ် မင်းကတော်ဆိုတဲ့ခေါ်သံကို တို့မလိုလားဘူး"
"ဟုတ်ကဲ့ မမကြီး"
တံခါးပိတ်ခံနီးမှာမြင်နေရတဲ့ မမကြီးရဲ့ ပုံရိပ်ကလေးဟာ နွမ်းလျလျ
....................................
"ခွမ်းးး"မူနွဲ့ မမကြီးအတွက် သံပုရာရည်ဖျော်ပီးလာပို့တုန်း
အသံကြားရ၍ တံခါးရှေ့မှာတုံ့ခနဲရပ်မိသည်
အထဲမှ အရေးပိုင်မင်းနဲ့ မမကြီး ရဲ့စကားပြောသံများဟာ ခပ်ရင့်ရင့်"ကိုမြတ်သာဒင် ရှင့်ကို သတိပေးနေတယ်"
"ဂျော်နီ ဂျော်နီလို့ခေါ်ကွာ ဒါလင်ရာ"
မူနွဲ့ချစ်သော မမကြီး Part 1
Zacznij od początku