"ဒီမှာနေတာလိုက်တာပဲ ပ်ိုကောင်းလိမ့်မယ်....."

မင်းကြီး နန်းပြင်ထွက်လို့ ဘယ်ဖြစ်မှာလဲ.....ဘယ်လုံခြုံပါ့မလဲ......မင်းကြီးကို ရင်းဂေါင်စံအိမ်ဆီဘယ်နည်းနဲ့မှ ပို့လိုက်လို့မဖြစ်ပေ......

ရှဲ့ဟယ်ကတော့ ယန်ရှန်းပြောသမျှကို လျစ်လျူထားပြီး .......

" အိမ်ပြန်မှဖြစ်မယ်....အိမ်မပြန်ရင် မေမေစိတ်ပူနေလိမ့်မယ်....."

ချန်ချုံက ညီငယ်သေဆုံးခဲ့ရတဲ့အပြင်  အမေဖြစ်သူကပါ သားစိတ်နဲ့ ဆုံးပါးသွားခဲ့ရတဲ့အတွက် ရှဲ့ဟယ်ကို အရိုးစွဲသည်အထိ မုန်းတီးနေတယ်.....

ချူရှင်းမှာ ရွေးချယ်စရာမရှိပေမယ့် ယန်ရှန်းတားနေတာကလည်း မှန်နေပြန်တယ်.....

" မင်းဒီကိုရောက်နေမှန်း ဒေါ်လေးသိပါတယ်...ရက်ပိုင်းလောက်တော့ ဒီမှာနေလိုက်ဉီး...ပြီးမှ အိမ်ပြန်ပို့ပေးမယ်နော်......"

မင်းကြီး ရက်ပိုင်းလောက်အတွင်းမှာ သူ့ကိုယ်သူ ချန်ယန်မဟုတ်မှန်း နားလည်လာမှာပါ......

"ဒါ...ဒါဆို ကျွန်တော်ဘာလို့ ဒီရောက်နေတာလဲဟင်.....ကျွန်တော် မမှတ်မိတော့ဘူး.... "

" မင်းက မင်းကြီးကိုယ်တိုင် အထူးဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်အဖြစ် ဒီကိုရောက်နေတာ....."

" အော်....အဲ့လိုလား....ဒါဆို ဘာလို့ မင်းကြီး
နဲ့မတွေ့ရသေးတာလဲဟင်....."

" မင်းကြီးက နေမကောင်းလို့ အနားယူနေရတယ်.....သက်သာလာမှပဲ တွေ့ခွင့်ရမှာပေါ့....."

ထိုအခါမှသာ ရှဲ့ဟယ်က နားလည်သွားဟန်နဲ့.....

"ကောင်းပါပြီ....ချူတကော...ကျွန်တော် ဒီမှာ တစ်ယောက်တည်းမနေရဲဘူး...ချူတကော ကျွန်တော်နဲ့အတူ နေပေးပါလား"

"အင်းပါ...."

ရှဲ့ဟယ်ရဲ့ အပြုံးတွေ သိပ်ကိုတောက်ပနေခဲ့ပါတယ်.....

[ 444: Hostတာ့တာ့ ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး.... ချန်ယန်အဖြစ် သရုပ်ဆောင်ဖို့ လိုလို့လား....]

[ရှဲ့ဟယ်:ဘေဘီ...မင်း အမှန်တရားကို သိချင်လား...ဆင်​ခြေပေးတာနားထောင်ချင်လား တစ်ခုရွေးလိုက်....]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now