ရှက်စိတ်ဖြင့်ပင် ကျွန်တော် အံကိုကြိတ်ထားရင်း အသက်ရှူသွင်း ရှူထုတ်ကို အကြိမ်အနည်းငယ်မျှ ပြင်းပြင်းပြပြ ပြုလုပ်လိုက်သည်။ စိတ်ထဲ၌ ပျာယာခတ်ခြင်းကို ထိန်းဖို့ကြိုးစားနေရင်း ပုံမှန်မဟုတ်သော အသက်ရှူခြင်းကြောင့် နှလုံးခုန်သံပင် စည်းချက် ပျောက်သွားခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်က အက်ဂ်ရေ့စ်ထိလိုက်သည့် အကြိမ်တိုင်း စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများဖြင့် ထူးထူးဆန်းဆန်းပြုမူနေသည်ကိုတော့ ကျွန်တော်ဝန်မခံနိုင်။ သူ့ရဲ့အပေါ်ပိုင်းကိုယ်ထည်လှုပ်ရှားမှုကြောင့် ကျွန်တော့် ပေါင်ကြားအတွင်း ရောက်နေသော ငါးမြီးက ကျွန်တော့်ညီငယ်ကို အလိုက်သင့် ပွတ်သပ်နေလေသည်။ ထိုအခြင်းအရာကြောင့် ထိန်းသိမ်းတားဆီးခြင်းမပြုနိုင်ဘဲ မာထန်လာသော ညီငယ်ကို အက်ဂ်ရေ့စ်ချက်ချင်းသိမည်ဖြစ်ကြောင်း ကျွန်တော် သိပေသည်။

ရှက်စိတ်တို့ မွှန်ထူ၍ အရေးပေါ်ဖြစ်သွားသော ထိုအချိန်၌ ကျွန်တော် အက်ဂ်ရေ့စ် ပုခုံးကို ဆွဲကိုင်ပြီး သူ့ငါးမြီးကို ခြေထောက်ဖြင့် ယက်ထုတ်ကာ အော်ပြောလိုက်သည်။

"အက်ဂ်ရေ့စ် ... အက်ဂ်ရေ့စ် ... ငါ့ကို အောက်ချပေး။ ငါ ကောင်းသွားပြီ "

သူ့အား အက်ဂ်ရေ့စ်ဟု ခေါ်ခြင်းက ဟေး' ဟုခေါ်ခြင်းထက် သက်ရောက်မှု ရှိနေခဲ့သည်။ ကျွန်တော့်ခါးကို ဆုပ်ကိုင်ထားသော သူ့လက်တို့ ပြေလျော့ပြီး ကျွန်တော့်ကိုပါ အောက်သို့ ချပေးခဲ့သည်။ ပေါင်ကြားအတွင်းရောက်နေသော ငါးမြီးမရှိတော့သည်နှင့် ကျွန်တော်က ခြေထောက်နှစ်ဖက်ကို စုံရပ်ပြီး လိမ်ထားလိုက်၏။ ထိုလှုပ်ရှားမှုကို အက်ဂ်ရေ့စ်မြင်သွားမှာကိုလည်း စိုးရသည်။

အက်ဂ်ရေ့စ်က ထူးထူးဆန်းဆန်းပြုမူခဲ့သော ကျွန်တော့်ပုံစံကို လုံးဝမမြင်ဘဲ တစ်ဖက်သို့လှည့်ကာ နံရံကို မှီပြီး စိတ်သက်သာပြေငြိမ်းမှုဖြင့် စိုထိုင်းသော လေကို ရှူထုတ်နေခဲ့သည်။ ပြီးကာမှ ခေါင်းငုံ့ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သည်။

ထိုအချိန်မှ သူ့ဝမ်းဗိုက်ရှိ ဖုထစ်နေသောအပေါက်ရာများစွာကို ကျွန်တော် သတိထားမိခဲ့သည်။ ထို့အပြင် အရေပြားအတွင်း နစ်ဝင်နေသော ကျည်ဆံထိပ်ဖူးကို ရေးရေးလေးမျှ ကျွန်တော် မြင်ခဲ့ရ၏။ အပေါ်ယံမှ ဖုံးလွှမ်းထားသော ပြောင်လက်သည့် အရေပြားက ထိုဒဏ်ရာများအပေါ်မှ အုပ်၍ ရှိနေသည်။ မည်သို့ပင် ကျည်ဆံက မာဆတ်သော အက်ဂ်ရေ့စ်အရေးပြားအတွင်း ဖောက်ဝင်နိုင်ခြင်း မရှိသော်ငြား အက်ဂ်ရေ့စ်၏ ကုသမှုလုပ်ငန်းကိုတော့ နှောင့်နှေးစေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Feb 06, 2023 ⏰

Add this story to your Library to get notified about new parts!

Desharow's MermanWhere stories live. Discover now