🤕-1

342 11 0
                                    

ဒီအချိန်ဆိုမေမေ့ကို အရမ်းလွမ်းမိတယ်

ကျွန်တော်တို့ ညီကိုသုံးယောက်ကိုမွေးဖွားပေးရင်း အသက်စွန့်သွားခဲ့သည့်မေမေ

သေချာတယ် မေမေကကြင်နာတတ်ပီးစိတ်ထားကောင်းတာမို့ မေမေကောင်းမွန်ရာ ဘဝကိုရမှာပါ

မေမေ့အကြောင်းတွေးရင်း မျက်ရည်တေစို့လာ ခဲ့တယ်

"လွှမ်းပိုင်မိုး နင်ဘာလုပ်နေတာလည်း ဟက်..အကောင် ငါခေါ်နေတာတောင်မကြားဘူးလား"

လွှမ်းနားရွက်ကိုဆောင့်ဆွဲလာပီး အော်ပြောလာသောစကားတို့ကြောင့် သူစိတ်ကူးတေထဲမှသတိရလာကာ

သူတုန်နေအောင်ကြောက်ရတဲ့သူ​၏အဒေါ် မူမူနွယ်တစ်နည်းပြောရရင် ဖေဖေရဲ့နောက်မိန်းမ ကျွန်တော်မိထွေးပါ

"ဗျာ  ကျွန်တော် ကိုဘာခိုင်းမို့လည် အန်တီနွယ်"

"အပိုတေမပြောနဲ့ ငါ့အင်္ကျီတေနဲ့ ငါ့သားတေအင်္ကျီတေကို  အခုသွားလျှော်စမ်း"

"ဗျာ  ဟုတ်  ဟုတ်"

ဒီလိုပါဘဲဒါက ကျွန်တော်ရဲ့နေ့စဉ်ဘဝအစပါ  တစ်အိမ်လုံးရဲ့အလုပ်တေကိုလုပ်ရင်း အမြဲ ဆဲဆိုခံနေရသူပါ

​အန်တီနွယ်က ကျွန်တော် အဒေါ်အရင်းဖြစ်ပေမယ့်ကျွန်တော်တို့ညီအကို၃ယောက်ပေါ်မှာမကြင်နာခဲ့ပါ

တကယ်တော့ အန်တီနွယ်က ဖေဖေ့ငယ်ချစ်ဦးပါ
ဒါပေမယ့် အန်တီနွယ်က သူဌေးသားတစ်ယောက်နဲ့လက်ထပ်သွားခဲ့တယ်
နောက်မှာတော့အဖေကမေမေနဲ့တွေခဲ့ပီးနောက်အိမ်ထောင်ပြုခဲ့တယ်
အန်တီနွယ်အမျိုးသားက အလောင်းကစားလုပ်လိုက် မိန်းမဖြစ်သူကဖဲရိုက်လိုက်လုပ်နေတာမို့ မကြာခင်မှာဘဲလမ်းဘေးရောက်ခဲ့တယ်
အဲ့နောက်မှာအန်တီနွယ်ကသူ့အမျိုးသားနဲ့ကွာရှင်းခဲ့တယ်
ထိုအချိန်မှာမေမေဟာ ကိုကိုရယ် ကျွန်တော်ရယ် ကိုလူလားမြောက်မမြောက်မီမှာ ညီလေးကိုမွေးဖွားပေးခဲ့တယ်

ညီလေးကိုမွေးပီးနာရီပိုင်းလောက်တွင်မေမေကစိတ်ချစွာဖေဖေ့စီကျွန်တော်တို့၃ယောက်ကိုထားခဲ့ပီး ကမ္ဘာကြီးကို အပီးပိုင် နူတ်ဆတ်ခဲ့တယ် 

ထိုအချိန် အန်တီမူက ကလေးနှစ်ယောက်နဲ့ဒုက္ခရောက်နေတာကြောင့်ဖေဖေက မကြည့်ရပ်တာနဲ့ အိမ်မှာခေါ်ထားလိုက်ကာ အန်တီနွယ်ကိုထပ်မှန်လက်ထပ်ခဲ့တယ်

ဖေဖေနဲ့ယူပီးနောက်မှာတော့ ကလေး၄ယောက်ထပ်မှန်မွေးခဲ့တယ်

ဒါကြောင့်အိမ်မှာကလေးပေါင်း

ကျွန်တော်တို့ညီကို၃ယောက်
                  +
အန်နီနွယ်ပထမအိမ်ထောင်နဲ့ရထားသော
    ၂ယောက်
                  +
ဖေဖေနဲ့အတူထပ်မှန်မွေးထားသော၄ယောက်
                 =
စုစုပေါင်းကလေး-၉ယောက်ရှိပါတယ်

ကိုကိုက၄တန်းအရွယ်နဲ့အလုပ်ထွက်လုပ်ရတယ် ဖေဖေကကျန်းမာရေးမကောင်းတာမို့ အိမ်ကမိသားစုအားလုံးစားဖို့ကို ကိုကိုကဘဲ ရှာပေးရတယ်

ကျွန်တော်၈တန်းရောက်တော့ ကျောင်းထွက်ခဲ့ရတယ်တစ်အိမ်လုံးက အလုပ်တေမှန်သမျှကို မငြီးမညူလုပ်ပေးရပါတယ်

ညီလေးကတော့ငယ်သေးတာမို့ကျောင်းစာသာသင်ခဲ့တယ်

အန်တီနွယ်ကတော့ သူ သားသမီး၆ယောက်စလုံးကို ဘာအလုပ်မှမလုပ်ခိုင်းဘဲအခန့်သားနေခိုင်းတယ်

ဒါဟာကျွန်တော့်ရဲ့ ဘဝအကြောင်းအစပါ

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

🥀ကျွန်တော်သာကံမဆိုးခဲ့ရင်ကောင်းမှာဘဲ😔
           🥀လွှမ်း
"""""""""""""""""""""""""""""""""""""""""""'

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Donde viven las historias. Descúbrelo ahora