"အန်တီ"

        ငိုယိုပြီးပြောဆိုနေတဲ့ သွန်းကိုပင် ဂရုမစိုက်ပါပဲ ထွက်သွားတဲ့ သူမ။သွန်းရဲ့အချစ်တွေကို မယုံကြည်ပဲ မျက်ကွယ်ပြုသွားတဲ့သူမ။သွန်းဟာ သူမရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တဲ့သူဆိုတာ သူမမသိလေသလား။သွန်းရင်ထဲက ဒဏ်ရာတွေကို တစ်စက်ကလေးမှမကြည့်ပါပဲ ကျောခိုင်းထွက်ခွာသွားတဲ့သူမ။သွန်းရင်တွေကွဲမတက်ပင်ခံစားရသည်ကို မသိချင်ယောင်ဆောင်သွားခဲ့တဲ့ အမျိုးသမီး။သွန်းမြတ်မြတ်နိုးနိုးချစ်ခဲ့ရတဲ့ အမျိုးသမီးကမှ သွန်းကိုရက်စက်သွားခဲ့သည်။ထိုသို့ရက်စက်တဲ့အမျိုးသမီးကိုမှ မုန်းမရနိုင်အောင် ရူးရူးမူးမူးချစ်ခဲ့မိသည်ဟာ သွန်းရဲ့အပြစ်ဖြစ်နေမလား။သွန်းရဲ့ အသည်းနှလုံးတွေ တစ်စစီကြေမွခဲ့ရပြီ။သွန်းတယုတယ ပျိုးထောင်ချင်သည့် ပန်းပွင့်လေးဟာ ပျိုးရခက်သည့်ပန်းပွင့်လေးဆိုတာကို သွန်းသိခဲ့ရပြီ။

*

      ဟိုတယ်ကိုခြေချလိုက်သည်နဲ့ ကြားရသည့်စကားက သွန်းရင်ကိုပင်ပူလောင်စေခဲ့သည်။ထိုသည်ကား...

"မမခက် အလုပ်ထွက်စာတင်သွားပြီသွန်း"

      ထိုစကားက သွန်းနှလုံးသားတစ်ခုကို မီးလောင်မြိုက်သွားသကဲ့သို့ပင်။သူမဟာ သွန်းရှိတဲ့ ရပ်ဝန်းကနေ ထွက်သွားပြီတဲ့လား။

"ဘယ်ချိန်ကလဲ မချမ်း"

"အခုမနက်စောစောကပဲ ဘာလို့လဲမသိဘူး ဘာမှလည်းပြောမသွားဘူး"

       သူမအခုလိုလုပ်လိမ့်မည်ဟု သွန်းမတွေးထားမိသည်မှာ အမှန်။ဘာကြောင့်များ သွန်းကို ရက်စက်သွားရတာလဲ။သွန်းအချစ်တွေကို လက်မခံတာမှ ခံနိုင်ရည်ရှိဦးမည်။အခုလိုထွက်သွားတာကိုတော့ သွန်းမည်သို့မျှ ခံနိုင်ရည်မရှိ။သူမမရှိပဲမနေနိုင်တာကို သူမမသိလေသလား။

"သွန်း အန်တီ့ဆီကိုသွားမယ်"

       ထွက်ခွာလာတဲ့ ခြေလှမ်းတွေက ခပ်မြန်မြန်သာ။တရစပ်ခုန်နေတဲ့ ရင်ခုန်သံကလည်း ရပ်တန့်တော့မည့်အလား။တည်ငြိမ်နိုင်စွမ်းမရှိတဲ့ စိတ်ကို ထိန်းချုပ်ကာ သူမရှိရာကို ဦးတည်လာခဲ့သည်။သူမရှိသည့်နေရာကို ရောက်ခဲ့သော်လည်း မြင်ရသည့်မြင်ကွင်းက သွန်းရင်တွေကွဲစေနိုင်သည်။သော့ခတ်ထားတဲ့ အစိမ်းရောင်သံတံခါးကို မြင်ရသည်က သွန်းမျှော်လင့်ချက်တွေ မဲ့သွားသယောင်။သူမရှိသည့်နေရာကို လာခဲ့ပေမဲ့ သူမအရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။သူမတကယ်ပဲထွက်သွားခဲ့ပြီလား။သွန်းအချစ်တွေကို မျက်ကွယ်ပြုပြီး ထွက်သွားခဲ့ပြီလား။သူမထွက်သွားသည်ဆိုတာကို အလုပ်ထွက်စာက သက်သေတည်လို့နေသည်။သူတကယ်ပဲ ထွက်သွားခဲ့ပြီလား။နာကျင်ရသည်..သွန်းချစ်ရတဲ့အမျိုးသမီးရဲ့ ရက်စက်သွားမှုကြီးက သွန်းကို သေလောက်အောင်နာကျင်စေသည်။သွန်းရင်ထဲကခံစားချက်တွေကို အရေးမစိုက်ပါပဲ ထွက်သွားခဲ့ပြီလား။ချစ်တယ်ဆိုသည့်စကားကို သူမကို ပြောလိုက်တာ သွန်းမှားသွားခဲ့ပြီလား။သွန်းကို နှုတ်မဆက်ပါပဲ ထွက်ခွာသွားတဲ့ အမျိုးသမီးအား သွယ်ဘယ်လိုရှာရပါ့။စီးကျလာတဲ့ မျက်ရည်တွေကိုလည်း တစ်စက်ကလေးမှ သွန်းမသုတ်ပေ။သူမကြောင့် ဖြစ်လာရတဲ့ ထိုမျက်ရည်စက်တွေဟာ သွန်းရဲ့ဝမ်းနည်းမှုမှတဆင့်ဖြစ်လာရသည့်အရည်ကြည်တွေသာ။သူမရဲ့အငွေ့အသက်တွေရှိခဲ့သည့် ထိုအိမ်လေးကို ငေးကြည့်ရင်း မျက်ဝန်းမှမျက်ရည်စက်တွေဟာ အတားအဆီးမရှိပါပဲ ကျခဲ့ရတော့သည်။

"ခ်စ္မိခဲ့ေသာ"(Short Story)Where stories live. Discover now