"အန်တီ"
မနည်းပင်အားယူပြီးခေါ်လိုက်ရတဲ့နာမ်စားငယ်ရဲ့ခေါ်သံကတိုး
ဖွစွာပင်။"တို့က အပျိုစင်တစ်ယောက်မဟုတ်ဘူး တို့က ယောက်ျားတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့ မိန်းမတစ်ယောက်ဆိုတာ မင်းမသိဘူးမလား ရိုင်းရိုင်းပြောရရင် တို့က ယောက်ျားမရှိတော့တဲ့တစ်ခုလပ်ပေါ့"
သူမပြောနေသည့်စကားတွေကို နားထောင်ရန် သွန်းခံနိုင်ရည်ပင်မရှိ။သွန်းနားတွေသာပိတ်ထားလိုက်ချင်တော့သည်။သူမစကားတွေကို သွန်းမယုံကြည်နိုင်တာ အမှန်ပင်။သွန်းချစ်ခဲ့မိတဲ့ အမျိုးသမီးက သက်ဆိုင်သူရှိနေခဲ့သည်ခဲ့လား။သူမရှေ့မှာ မကျချင်ခဲ့တဲ့ မျက်ရည်စက်တွေက မထိန်းနိုင်ပဲ တရစပ်ကျလာခဲ့သည်။သွန်းရှုံးခဲ့ပြီ။အချစ်တွေတင်မကပဲ မျက်ရည်တွေပါ ဆုံးရှုံးခဲ့ပြီ။
"အန်တီညာနေတာမဟုတ်လား အန်တီပြောတာတွေက တကယ်မဟုတ်ဘူးမလား"
ထိုအချိန်မှသွန်းဘက်ကို မျက်နှာလှည့်လာခဲ့တဲ့ သူမ။သွန်းမျက်ရည်တွေကို သူမမြင်ခဲ့ပြီ။မမြင်ချင်ခဲ့တဲ့ မျက်ရည်စက်တွေကိုသူမမြင်သွားခဲ့ပြီ။
"တို့တကယ်ပြောနေတာ သွန်းအက္ခရာ နောက်ပြီးတို့ မင်းကိုမချစ်ဘူး"
ရက်ရက်စက်စက်ပြောလာတဲ့စကားလုံးက သူမနှုတ်ခမ်းပါးမှဖြစ်တည်လာတာတဲ့လား။သွန်းကို မချစ်တာဟာ ဟိုအမျိုးသားကြောင့်လားဟု သွန်းတွေးမိလိုက်သည်။
"သွန်းကိုမချစ်ဘူးဆိုတာ ဟိုလူကြောင့်လား "
"သူဟာ တို့သူငယ်ချင်း တို့နဲ့ဘာပတ်သက်မှုမှမရှိဘူး မင်းလည်းအခု တို့အကြောင်းကိုသိသွားပြီမလား အဲ့တော့ မင်းပြောခဲ့တဲ့စကားကို မေ့လိုက်တော့ ရောက်လာမဲ့မနက်ဖြန်မှာ ဒီကိစ္စတွေကို မသယ်သွားနဲ့သွန်းအက္ခရာ တို့လည်း မင်းပြောတာကို မကြားလိုက်ဘူးဟုတ်ပြီလား"
"အန်တီဘာပဲဖြစ်ဖြစ်သွန်းချစ်တယ်ဆိုတာ သိရဲ့လား"
"တို့မသိဘူး"
သွန်းနဲ့သူမစကားပြောနေသည်များကို လူတစ်ယောက်ကြားသွားသည်ဆိုတာတော့ သူမတို့နှစ်ဦးလုံးမသိလိုက်ပေ။ထိုလူထွက်သွားသည်ဆိုတာကိုလည်း သူမတို့မသိလိုက်ပေ။
YOU ARE READING
"ချစ်မိခဲ့သော"(Short Story)
Short Storyဟိုတယ်ပိုင်ရှင်ကောင်မလေးနဲ့ ဟိုတယ်မန်နေဂျာ အန်တီတို့ရဲ့ ဇာတ်လမ်းလေးပါ..