" မင်း ဟိုဘုရင်ယုတ်ဆီမှာ ကျဆုံးသွားပြီလား....."

"  ကောင်းကင်၊မြေပြင်၊ အရှင်သခင်၊ ဆွေမျိုး၊ ဆရာသမားတို့အပေါ် သစ္စာစောင့်သိရမှာက ငါတို့တွေရဲ့တာဝန်တွေပါ....ဒါ့ကြောင့် အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိရမယ်....ငါ အတိတ်က အမှားတွေကျူးလွန်ခဲ့ဖူးပေမယ့် ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ....မင်းကြီးကို ဘယ်တော့မှ ပုန်ကန်မှာမဟုတ်ဘူး....."

ချူရှင်းရဲ့ အပြောကြောင့် ချန်ချုံ ဒေါသတကြီး အော်ဟစ်လေပြီ.....

"ဒါဆို ရှောင်ယန်ကရော....ဒီလိုပဲ ပြီးဆုံးသွားရတော့မှာလား.!!!!!"

ချူရှင်းရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုအချို့ ဖြတ်ပြေးသွားပြီး.....

"တကယ့် တရားခံအစစ်ကို မင်းဆီပို့ပေးပြီးပြီလေ....."

ထိုအပြောကြောင့် ချန်ချုံပိုလို့ပင် ဒေါသထွက်လာပြီး.....

"ဒါပေမယ့် သတ်လိုက်တဲ့သူက ဘုရင်ယုတ်လေ....."

ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး ချူရှင်း ရှင်းမပြချင်သလို ဆက်လည်း မပြောချင်တော့တာကြောင့် သက်ပြင်းချလိုက်ပြီး.....

"သစ္စာရှိပြီး ​ဖြောင့်မတ်ဖို့ဆိုတာ အပြောလွယ်ပေမယ့် သိပ်ကိုခက်ခဲတယ်....မင်းကြီး အမှားတွေကျူးလွန်ခဲ့ပေမယ့် ငါ သူ့အပေါ်
သစ္စာမဖောက်နိုင်ဘူး...."

" မင်းက မျက်ကန်းတစ္ဆေတစ်ယောက်ဖြစ်နေမှန်း ငါမသိခဲ့မိဘူး...... ဒီဘုရင်ယုတ်ကို ကောင်းကင်နဲ့ မြေပြင်အပါဝင် ပြည်သူပြည်သားတိုင်းက နာကြည်းမုန်းတီးနေကြတာ....ဒါနဲ့တောင် မင်း သူ့အပေါ် သစ္စာစောင့်သိချင်နေသေးတယ်ပေါ့....ရှောင်ယန်ကို ဘေးဖယ်ထားလိုက်ပါဉီး....သူ သတ်ခဲ့တဲ့သူတွေကို မင်းမေ့သွားပြီလား....သူက အမေကိုတောင် ပြန်သတ်ခဲ့တာကွ!!!!!"

ချူရှင်းရဲ့ အကြည့်တွေရော လေသံတွေပါအေးစက်လာပြီး.....

" ဘာဖြစ်လဲ....သေသင့်တဲ့ သူတွေမို့ သတ်ပစ်လိုက်တာပေါ့....."

ချန်ချုံ မယုံနိုင်သော အကြည့်တွေနဲ့ ချူရှင်းကို ကြည့်လိုက်ပြီး.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now