ကျင်းဟန် အမူအရာပြောင်းသွားလေပြီ.....

"မင်းသား သေချာစဉ်းစားကြည့်ပါ....ဒါဆို ကျုပ် လှည့်စားနေတာမဟုတ်မှန်း နားလည်လာမှာပါ....."

ကျင်းဟန် အတော်ကြာတဲ့အထိ တိတ်ဆိတ်နေခဲ့ပြီး ချူရှင်းကို ရုတ်တရက် မေးကြည့်လိုက်တယ်.....

" ဘာလို့ အခုလိုတွေ လုပ်ပေးချင်ရတာလဲ....."

ချူရှင်း ရုတ်တရက်ကြီး ကိုယ့်အမှား ကိုယ်သိသွားပြီး တောင်းပန်လာတယ်....သစ္စာဖောက်တစ်ယောက်က ရုတ်တရက်ကြီး အမှားဝန်ခံမယ်တဲ့လား...သိပ်ကိုရယ်စရာကောင်းနေပြီ.....

နာကျင်မှုနဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မှုတွေကို ချူရှင်းရဲ့ မျက်ဝန်းတွေထဲမှာ အတိုင်းသားမြင်နေရတယ်.... ဒါပေမယ့် ချူရှင်း ဘာမှ ပြန်မဖြေခဲ့ဘူး......

ဒါကိုမြင်တော့ ကျင်းဟန် ရုတ်တရက် မထင်မှတ်ထားတဲ့ အတွေးတစ်ခု ပေါ်လာတယ်.....

မင်းကြီးကို သတ်ဖြတ်ဖို့ ကြံစဉ်ခဲ့သူက ဘာ့​ကြောင့်များ မြန်မြန်ဆန်ဆန် စိတ်ပြောင်းသွားတာလဲ ......

မြင့်မြတ်မှုတွေ ပျောက်ဆုံးနေတဲ့ ဘုရင်တစ်ပါးကို ချူရှင်း ဘာ့ကြောင့် ကာကွယ်ပေးချင်နေတာလဲ.....ပုန်ကုန်ဖို့ကိုတောင် စွန့်လွှတ်လိုက်ရအောင် ဘာများ လုပ်ခဲ့မိသလဲ....သိပ်ကို ယုတ္တိမဲ့လွန်းလို့ ကျင်းဟန် ယုံကြည်ပေးဖို့ ခက်ခဲနေတယ်.....

" ​မောင်မင်း...မင်းကြီးကို သဘောကျနေတာလား...."

ကျင်းဟန် ရုတ်တရက် ထမေးလိုက်တယ်....

ချုရှင်း လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး အတော်လေးကြာတော့မှသာ ခေါင်းညိတ်ပြလိုက်တယ်....

သူ့ အမုန်းတရားတွေကို စွန့်ပစ်ဖို့...သူ့​တောင်းဆိုမှုကို မင်းသားအန်း ယုံကြည် လိုက်လျောလာဖို့ ချူရှင်း ဝန်ခံရပေတော့မည်.....

ဒါဟာ ချူရှင်း မင်းကြီးကို ကာကွယ်စောင့်ရှောက်ပေးချင်ရခြင်းရဲ့ အကြောင်းအရင်း အစစ်အမှန်ပါပဲ......

" ရယ်စရာကောင်းလိုက်တာ!!!!! ရယ်စရာကောင်းလိုက်တာ!!!!"

ကျင်းဟန် ခက်ထန်သော အကြည့်များနဲ့ လှည့်ကြည့်လိုက်ပြီး.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now