ချူရှင်းရဲ့ နှလုံးသားထဲမှာ နူးညံမှုတွေ ပြည့်သျှမ်းသွားခဲ့တယ်....ဒါတွေကိုသာ စောစော​ကြိုသတိခဲ့မယ်ဆို အရှင်မင်းကြီးအနားကို မြန်မြန်ရောက်လာနိုင်ခဲ့မှာပါ....

ဒါဆို မင်းကြီးကို ပိုင်မိဖုရားကြီး နှိပ်စက်အရှက်ခွဲလို့မရအောင် သေချာပေါက် ကာကွယ်ပေးခဲ့မိမှာ.......

ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းထောင့်မှာပေနေတဲ့ ဆီတွေကို ချူရှင်း တယုတယ သုတ်ဖယ်ပေးလိုက်တဲ့အခါ ရှဲ့ဟယ်က ဗလာမျက်ဝန်းတွေနဲ့ ပြန်ကြည့်လာတယ်....

ချူရှင်း ထူပူသွားပြီး ကပြာကယာ လက်ပြန်ရုတ်လိုက်ပြီး.....

" တောင်း...တောင်းပန်ပါတယ်..."

ရှဲ့ဟယ်က ပြာယာခတ်နေတဲ့ ချူရှင်းကို နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်ပြီး.....

" ကိစ္စမရှိပါဘူး.....ကျေးဇူးပဲနော်...မောင်မင်းက ကိုယ်တော့်အပေါ် သိပ်ကောင်းတာပဲ...."

ချူရှင်း လန့်သွားပြီး မျက်နှာလွှဲလိုက်တယ်...မင်းကြီးကို သူ့ရဲ့ ထိန်းချုပ်နိူင်စွမ်းကင်းမဲ့နေပုံကို မမြင်စေချင်လို့ပါ.....

ဒါလေးကို အရမ်းကောင်းတယ်လို့များ ယူဆရသလား.....

သေးငယ်လှတဲ့ ကြင်နာမှုလေးပါပဲ....ဒါနဲ့တောင် ဒီကောင်လေးက စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်နေသေးတယ်.....

ဒါဟာ သူ့ကို ဘယ်သူမှ ကောင်းကောင်းမဆက်ဆံပေးခဲ့လို့များလား....သေးငယ်လှတဲ့ ဂရုစိုက်မှုလေးအတွက်တောင် စိတ်လှုပ်ရှားနေရတယ်ဆိုတော့ ဒီကလေးငယ်လေးကို ဘယ်အတိုင်းအတာထိတောင် ရက်စက်ခဲဲ့ကြတာလဲ......

ချူရှင်း လက်ဆစ်တွေ ဖြူဖွေးလာတဲ့အထိ လက်သီးဆုပ်ထားလို​က်မိတယ်.....ဖြစ်နိုင်မယ်ဆိုရင် ဒီဘုရင်လေးကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ အပြစ်သားတွေကို အလောင်းပြန်ဖော်ပြီး အပိုင်းပိုင်းခုတ်ပစ်ချင်နေမိတယ်.....

[ တင်းတောင် ပစ်မှတ်ရဲ့ နှစ်သက်မှု 2 မှတ်ထပ်တိုးပါတယ်.....စုစုပေါင်း နှစ်သက်မှု 92 မှတ်ရှိနေပါပြီ......]

ချူရှင်း မျက်နှာပြန်လှည့်လိုက်ချိန်မှာ ရှဲ့ဟယ်က လက်ချောင်းတွေကိုတောင် ပါးစပ်နဲ့စုပ်နေပြီ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now